Thursday, November 9, 2017

Hearty Heart eye liner review





ဒီနေ့ ယူမီ ခုတလော အရမ်းသဘောကျနေတဲ့ eye liners လေးတွေ အကြောင်းမျှဝေချင်ပါတယ် 😍😍😍

Hearty Heart တံဆိပ်က ထုတ်တဲ့ eye liner လေးတွေ ဖြစ်ပါတယ်။ ထုတ်ထားတာ ဘူး packaging အရောင်စုံလေးနဲ့ ထုတ်ထားပြီး ဈေးနှူန်းက ၃၀၀၀ဝန်းကျင်ဖြစ်ပါတယ်။

Packaging

အရမ်းကို cute type ဖြစ်နေပြီးတော့ အရောင်အလိုက် Packaging ဒီဇိုင်းကမတူညီသလို စာသားလေးတွေ ထည့်ထားတာ မတူညီပါဘူး 🙅

ပန်းရောင်ဘူးလေးက
I'm going to draw big cute dolly eyes

အပြာလေးဆိုရင်
I liner speak for my heart

အဝါလေးကျတော့
I'm not perfect but my eyeliner is

အထက်ကပြောတဲ့အတိုင်း Packaging အလိုက် စာသားလေးတွေ မတူညီပဲ သူတို့ Packaging တခုစီက ဆွဲဆောင်မှူ့ရှိနေပါတယ် ✔

Liner အချောင်းလေးက အတော်ကို ပေါ့ပါးသလို ဆွဲတဲ့ အချိန်ကျ ကိုင်ရတာ အဆင်ပြေတယ် ✔

ဈေးနှူန်းအရဆိုရင်တော့ အတော်ကို ဈေးတန်တယ် ၁၀ချောင်းလောက်ဝယ်မှ ၃သောင်းလောက်ပဲ ကျတယ် ✔

Quality
အလှကုန်တခုက quality က အရေးကြီးလို့ review အနေနဲ့ ယူမီ အတွေ့အကြုံအရဆိုရင်

၁ ထိပ်က liner ဆွဲတဲ့ အချွန်လေးက ဆွဲရတာ ပြေပြစ်သလို eye liner ကို ကျွမ်းကျင်စွာ မဆွဲတတ်သေးရင်တောင် အဆင်ပြေနိုင်တယ်

၂ waterproof ကတော့ ရေနဲ့ ပွတ်တိုက်ပြီး ဖျက်ရင်တော့ ပျက်ပင်မယ့် ရေစိုရုံကတော့ မပျက်ပါဘူး

၃ အခြောက်အရမ်းမြန်သလို ဖျက်ရင် ပြန့်မသွားတဲ့ အားသာချက်လေးရှိတယ်

နောက်ဆုံးအနေနဲ့ ယူမီရဲ့ အမြင်ကို ပြောရရင် တကယ်ကို ဈေးတန်ပြီး ကောင်းတဲ့ eye liner အဖြစ် အသိအမှတ်ပြုပါတယ် 💯

#yumie
Facebook: @beautytheorieswithyumie

No comments:

Post a Comment

All about skin types and how to care your skin

" အသားအ​ရေ အမျိူးအစားများ အ​ကြောင်း " မျက်နှာ အသားအ​ရေရဲ့ ဖြစ်တည်မှူ့က အ​ခြေခံအ​နေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစား​တွေလဲ...