Wednesday, December 25, 2019

All about skin types and how to care your skin

" အသားအ​ရေ အမျိူးအစားများ အ​ကြောင်း "

မျက်နှာ အသားအ​ရေရဲ့ ဖြစ်တည်မှူ့က အ​ခြေခံအ​နေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစား​တွေလဲဆိုရင်​တော့

- ပုံမှန်​ကောင်းမွန်​သော အသားအ​ရေ
- ​အဆီပြန်​​သော အသားအ​ရေ
- ​ခြောက်​သွေ့​သော အသားအ​ရေ
- ​ပေါင်းစပ် အသားအ​ရေ စသဖြင့် အ​ခြေခံ ၄မျိူး ရှိပါတယ်။

တခြား​သော ကွဲပြားတဲ့ အ​ရေပြားပုံစံအရ

- နူးညံ့ပြီး ထိခိုက်လွယ်​သော အသားအ​ရေ
- ဝက်ခြံ ဖြစ်လွယ်​သော အသားအ​ရေ
- အစိုဓါတ်ကင်းမဲ့​​သော အသားအ​ရေ စသဖြင့် ရှိပါတယ်။

ဘယ်လို ခွဲခြားသိနိုင်မလဲ?

>> ပုံမှန်အသားအ​ရေ <<

အသားအ​ရေက အဆီမပြန်သလို မ​ခြောက်​သွေ့​နေပဲ စို​ပြေပြီး အပြစ်အနာအဆာ မရှိဘူးဆိုရင် ပုံမှန် အသားအ​ရေ ဖြစ်ပါတယ်။ အသားအ​ရေ ပင်ကိုယ်​ကောင်းမွန်သလို မတည့်တဲ့ skincare ရှားပါတယ်။
______________________


>> ​ခြောက်​သွေ့​သော အသားအ​ရေ <<

မနက်ခင်း အိပ်ယာနှိူးချိန် skincare မလိမ်းထားရင် ကြမ်း​နေသလို စို​ပြေခြင်း မရှိ တချိူ့ အသားအ​​ရေဆိုပင် အက်ကွဲ​​နေသလို မြင်ရပါတယ်။ ဒီလို ​ခြောက်​​သွေ့အက်ကွဲ​နေတဲ့ အသားအ​ရေ မှာ dry skin ​ခြောက်​သွေ့ အသားအ​ရေ ဖြစ်ပါတယ်။

Dry skin အ​နေနဲ့ facial cleanser ဆိုရင် cream type, hydrating cleanser အမျိူးအစားသုံးသင့်ပြီး အစိုဓါတ်ဖြည့် ခရင် lotion ဆိုတာ ​နေ့စဥ် မဖြစ်မ​နေ သုံး​ပေးသင့်ပါတယ်။
______________________

>> အဆီပြန်လွန်း​သော အသားအ​ရေ <<

မျက်နှာ အသားအ​ရေက အမြဲအဆီ​တွေ ပြန်​နေသလို အဆီဖု ဝက်ခြံတခါတ​လေ ဖြစ်​နေတတ်ပါတယ်။ အဆီပြန်တဲ့အခါ ​ပြောင်ဝင်း​နေတာ မြင်ရတတ်ပါတယ်။ ဒီလိုအသားအ​ရေ အမျိူးအစားကို oily skin အဆီပြန်လွန်း​သော အသားအ​ရေ အဖြစ် ​ခေါ်ဆိုသတ်မှတ်ပါတယ်။

အဆီပြန်လွန်း​သော အသားအ​ရေပိုင်ရှင်​တွေက ရွံ့​စေး မျက်နှာ​ပေါင်းတင်​ဆေး၊ oil control skincare များ၊ facial foam ကိုလည်း gel cleanser, oily skin အတွက်ထုတ်ထားတာ အများဆုံးသုံးသင့်ပါတယ်။ အဆီပြန်သူအ​နေနဲ့ ​ရေဓါတ်ဖြည့် water base gel moisturizer နှင့်သာ တင့်​တော်ပြီး cream ​တွေဆိုရင် ပိုအဆီပြန်​စေလို့ ​ရှောင်ရှားသင့်ပါတယ်။ oil control powder အဆီစုပ်စက္ကူ လည်း သုံးသင့်ပါတယ်။

_______________________


​>> ​ပေါင်းစပ် အသားအ​ရေ <<

T zone ဟု ​ခေါ်ဆိုတဲ့ နှာ​ခေါင်း နဖူး​နေရာ အဆီပြန်​နေ​သော်လည်း U zone ဟု​ခေါ်ဆို​​သော ပါးပြင် ​မေး​​စေ့ ​မျက်နှာပြင်အသားအ​ရေ က ပုံမှန်ဖြစ်တည်​နေတာဖြစ်​စေ၊ ​ခြောက်​သွေ့​နေတာ ဖြစ်​စေ ဖြစ်​နေ​​သော အသားအ​ရေကို ​ပေါင်းစပ်အသားအ​ရေ ဟု ​ခေါ်ဆိုပါတယ်။

​ပေါင်းစပ်အသားအ​ရေက combination skin အတွက် သီးသန့်ထုတ်တာ သုံးနိုင်သလို အဆီပြန် အသားအ​ရေ အတ့က်ထုတ်တဲ့ ​ရေဓါတ်ဖြည့် Gel type skincare မျိူး သုံး​ပေးသင့်ပါတယ်။ ဂရုစိုက်ပြီး အတိအကျ skincare တတ်သူဆိုရင်​တော့ Tzone ကို oil control သုံးပြီး U zone ကို သီးသန့် dry skin အတွက် ထုတ်တာ သုံးနိုင်ပါတယ်။ ဆားဝက်ခြံ အရမ်းဖြစ်တတ်လို့ အမြဲဂရုစိုက် နှာ​ခေါင်းနားကို scrub ပွတ်ပြီး ဆားဝက်ခြံ​တွေ ထုတ်သင့်ပါတယ်။

________________________

>> အစိုဓါတ်ကင်းမဲ့​သော အသားအ​ရေ <<

Dehydrated skin က​လေ moisturizer ကို ​ရေဓါတ်ပါဝင်မှူ့နှူန်း များတာ သုံး​ပေးသင့်ပြီး dry skin အမျိူးအစားဖြစ်ပင်မယ့် အရမ်းလည်း မ​ခြောက်​​သွေ့ပါ။ ​နေ့ခင်း အပူရှိန်နဲ့ အသားအ​ရေက အဆီပြန်တတ်သလ်ု မြင်ရပင်မယ့် အိပ်ယာနှိူးချိန် ​ခြောက်​သွေ့​နေတတ်ပါတယ်။ ​ရေဓါတ် လိုအပ်တဲ့ အသားအ​ရေ ဖြစ်လို့ water base skincare hydrating ကို အဓိက သုံး​ပေးသင့်ပါတယ်။ ဝက်ခြံ အဆီဖု ဖြစ်တာလည်း လုံးဝ မရှိပါ။

_________________________



>> ထိခိုက်လွယ်​သော အသားအ​ရေ <<

အသားအ​ရေက dry skin ဖြစ်နိုင်သလို oily skin ဖြစ်နိုင်ပါတယ်။ ထူးခြားချက်က မတည့်တဲ့ အဆင်မ​ပြေ​သော skincare ​တွေများပြီး မတည့်တဲ့အခါ break out ​တွေ ပြည်ဖုဝက်ခြံ ဖြစ်လာသလို နီမြန်းကြမ်းတမ်း​ တတ်ပါတယ်။
မျက်နှာသစ်ကအစ gentle cleanser သုံးသင့်သလို sensitive skin အတွက်သာ သီးသန့် ထုတ်တာ​တွေ သုံး​ပေးသင့်ပါတယ်။

_________________________

>> ဝက်ခြံ ဖြစ်လွယ်​သော အသားအ​ရေ <<

Ance-prone  skin ​တွေက အများဆုံး အဆီပြန်တတ်သလို ​ပျောက်လိုက် ပြန်ဖြစ်လိုက်နှင့် ဝက်ခြံသံသရာ လည်​နေပါတယ်။ အဆီဖု ဝက်ခြံ၊ ဝက်ခြံ ​စေ့ အဖု​လေးများလည်း အလွယ် တကူဖြစ်သလို မကြာခဏ အ​ကြောင်းအမျိူးမျိူးနှင့် break out တတ်ပါတယ်။
ဒီလို အသားအ​ရေ ပိုင်ရှင်​တွေက​တော့ tea tree ၊ salicylic acid ၊ Benzoyl peroxide ပါဝင်​သော skincare ​တွေ ​ရွေးချယ် သုံးသင့်ပါတယ်။ ance-prone skin ကိုမှ ထိခိူက်လွယ်ရင်​တော့ ance အတွက် ထူတ်တဲ့ skincare တမျိူးကို sensitive skincare set နဲ့ တွဲသုံးပါ။ ဥပမာ ance spot gel သုံးခြင်း၊ မျက်နာသစ်ကို ance treatment ပါဝင်တာ သုံးခြင်း ဖြစ်ပါတယ်။

အထက်ပါ အသားအ​ရေအမျိူးအစားထဲမှာ မိမိရဲ့ အသားအ​ရေကို ဘယ်လိုမျိူးလဲဆိုတာ ခွဲခြားကြည့်ပြီး ကိုယ့်အသားအ​ရေနဲ့ ကိုက်ညီတဲ့ skincare ကို ​ရွေးချယ်သင့်ပါတယ်။

Skincare reviews တချိူ့ကိုလည်း ယူမီ ​ပေ့စ်မှာ ဖတ်နိုင်သလို သိချင်တာရှိရင် ​မေးမြန်းနိုင်ပါတယ်​နော် ♡

​ရေးသားထား​သော အလှအပအ​ရေး အသားအ​ရေနဲ့ ပတ်သတ်တဲ့ အ​ကြောင်းအရာ​​တွေက​တော့

☆ skincare အဆင့်ဆင့် အသုံးပြုနည်း

https://m.facebook.com/story.php?story_fbid=160966585305194&id=108612237207296

☆ ဝက်ခြံဖြစ်တာ ကုသနည်း challenge

https://m.facebook.com/story.php?story_fbid=155400402528479&id=108612237207296

☆ 30days brightening skincare challenge

https://m.facebook.com/story.php?story_fbid=141305890604597&id=108612237207296

☆ ​ချွေး​ပေါက်ကျယ်​နေတာ ဘယ်လို ဖယ်ရှားမလဲ?

https://m.facebook.com/story.php?story_fbid=139624604106059&id=108612237207296

☆ ဝက်ခြံအ​ကြောင်း သိ​ကောင်းစရာ

https://m.facebook.com/story.php?story_fbid=139264494142070&id=108612237207296

​​တခြား အလှကုန် review ​တွေနှင့် makeup tutorial ​လေး​တွေ ​ပေ့စ်မှာ တင်ထား​ပေးပါတယ်။

လှသထက် လှကြပါ​စေရှင်

 #yumie #skincaretypes #howtocareyourskin

No comments:

Post a Comment

All about skin types and how to care your skin

" အသားအ​ရေ အမျိူးအစားများ အ​ကြောင်း " မျက်နှာ အသားအ​ရေရဲ့ ဖြစ်တည်မှူ့က အ​ခြေခံအ​နေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစား​တွေလဲ...