" Facial roller တွေသုံးစွဲခြင်းက အကျိုးသက်ရောက်မှူ့ တကယ်ရှိသလား ?"
၂၀၁၉ မှာ အရမ်းခေတ်စားတာကတော့ facial roller ပဲ သတိထားမိကြမှာပါ ကျောက်စိမ်းလေးတွေ အရင် ခေတ်စားပြီးနောက်ပိုင်းကျ rosequart နဲ့ တခြား ကျောက်နဲ့ လုပ်တဲ့ roller တွေ လည်း အသုံးများလာသလို ဈေးကွက်မှာလည်း အလွယ်တကူ ဝယ်လို့ရလာတယ်။
ဒီနေ့တော့ facial roller တွေ တကယ် အဆင်ပြေလားဆိုတာ ပြောပြမှာ ဖြစ်သလို အသုံးပြုနည်းလေးနဲ့ ညွန်ပေးချင်ပါတယ်။
ယူမီရေ face roller ဝယ်ရင်ကောင်းမလားဆိုရင် ချက်ချင်း ဖြေမိမှာက yes ပါပဲနော် 👈
အတော်များများ သိကြသလို ယူမီ အသားအရေကောင်းပြီး ကြည်လင်နေတာ skincare အပြင် facial massage ကို roller လေးနဲ့ လှိမ့်ပေး အသုံးပြုတာလည်းပါတယ်။
Facial roller အသုံးပြုခြင်းဖြင့်
- နှိမ့်နယ်ပေးလို့ အသားအရေသွေးလည်ပတ်မွှူ ကောင်းစေပါတယ်။
ယူမီကတော့ facial oil လေး လိမ်း ပြီး နေ့တိုင်း ဒုတိယပုံထဲကလို facial massage လေး လုပ်ဖြစ်တယ်။ sheetmask လေးတွေ ကပ်ရင် အပေါ်ကနေ လှိမ့်ပေးတာလည်း ပိုပြီး အသားအရေထဲ စိမ့်ဝင်လို့သဘောကျတယ်။
- မေးရိုးနဲ့ မှေးစေ့ နား လှိမ့်ပေးတာ မျက်နှာ သွယ်လျစေပါတယ်။ ဘာလို့ဆို မျက်နှာအဆီတွေ ချေပေးတာကြောင့်ဖြစ်ပါတယ်။
- မျက်နှာအသားအရေ သွေးလည်ပတ်မွှုကောင်းသလို သဘာဝအလျောက် collagen ထွက်နှူန်းကို ပံ့ပိုးလို့ အသားအရေက ပိုတင်းရင်းသလို ပိုကောင်းလာပါတယ်။
- အသားအရေကိုfacial roller နေ့စဉ်သုံးတာ အရေအကြောင်းကတော့ သိသိသာသာလျော့သလို ၂၀လောက်တည်းက သုံးရင် သူများထက် အသားအရေအိုမင်း တာ အရေအကြောင်းနည်းစေပါတယ်။
- eyecream လိမ်းပြီး မျက်လုံးအောက်နား လှိမ့်ပေးရင် မျက်အိတ်ဖောင်းတာလျော့သလို မျက်ကွင်းညိုခြင်း လျော့ချစေပါတယ်။
အသားအရေရောင်ရမ်းခြင်းကို လျော့ချစေသလို နေ့စဉ် skincare လိမ်းသမျှကို ပိုပြီး အထောက်အကူ ဖြစ်စေလို့ နွေတိုင်း ၁၅မိနစ်လောက် အချိန်ပေးပြီး facial massage လုပ်စေချင်ပါတယ်။ နေ့စဉ်မလုပ်နိုင်ရင်တော့ ၄ရက်ခြား တခါ အနည်းဆုံး အချိန်ပေးလုပ်ကြည့်ပါ။
Jade roller & Rose quart roller ဘာကွာခြားလဲဆိုရင်တော့ effective က အတူတူပါပဲ။ rose quart ကပိုလှသလို ဈေးပိုကြီးပြီး ကိုင်ရတာက ပိုပေါ့ပါးပါတယ်။
Jade ကတော့ ကျောက်စိမ်းအနေနဲ့ ပိုလေးသလို ပိုအေးမြတယ်။ rosequart ကတော့ ပိုပေါ့သလို လှိမ့်တဲ့အခါ ပိုဖျော့တယ်။
ရေခဲသေတ္တာထဲ ထည့်ပြီး သုံးရင် ပိုကောင်းတယ် 👈
Facial roller တွေထဲ ယူမီ သုံးဖြစ်တာတော့ Yuki တံဆိပ်နဲ့ Facial roller ပါပဲ။ ပုံမှာ မြင်တဲ့အတိုင်း ဘူးလေးနဲ့ ချစ်စရာကောင်းအောင် ထုတ်ပိုးထားသလို အသုံးပြုနည်းစာရွက်ပါတယ်။ roller ကိုချိတ်တဲ့ ကွင်းဘေးမှာ ကော်ကွင်းလေး ခံထားတော့ သံချေးဖြစ်တာ အရမ်းချောင်တာ မဖြစ်ဘူး။ ဈေးအရလည်း တသောင်းကျော်လေးဆိုတော့ သုံးပျော်သလို တန်တယ်။
👉 Facial roller ကျောက်နဲ့ လုပ်တာလေးတွေ သုံးရင်တော့ သတိထားစေချင်တာက ပြုတ်ကျရင် အလယ်က အချောင်းက ကျောက်ဖြစ်လို့ ကျိုးနိုင် လို့ သတိထားပါလို့ 👈
အသားအရေလေး ကြည်တောက်ရှင်းဖြစ်ဖို့အတွက်ဆိုရင်တော့ ယူမီ ညွန်ပေးသလို skincare အပြင်ခုလို facial massage လေးရော လုပ်နော် ♡♡♡
အားလုံးပဲ လှသထက် လှကြပါစေ
#yumie
Subscribe to:
Post Comments (Atom)
All about skin types and how to care your skin
" အသားအရေ အမျိူးအစားများ အကြောင်း " မျက်နှာ အသားအရေရဲ့ ဖြစ်တည်မှူ့က အခြေခံအနေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစားတွေလဲ...

-
မှန်ကန်သော Bra Size ရွေးချယ်ဝယ်ယူနည်း ပျိုမေတို့ရေ နေ့စဉ်ဝတ်နေတဲ့ အတွင်းခံ အကျီင်္လေး ဆိုဒ်မမှန်ရင် ရင်သားက ပုံပျက်လာတာ မလှတာဖြစ်တတ်ပါတယ်။...
-
" အသားအရေ အမျိူးအစားများ အကြောင်း " မျက်နှာ အသားအရေရဲ့ ဖြစ်တည်မှူ့က အခြေခံအနေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစားတွေလဲ...
No comments:
Post a Comment