Tuesday, September 5, 2017
"ဝက်ခြံအကြောင်းသိကောင်းစရာ"
ဝက်ခြံကို လူအယောက်၁၀၀မှာ ၉၀ကျော်ကတော့ ကြုံဖူးကြပါတယ်။ အနည်းဆုံးတော့ ဆားဝက်ခြံလို့ ခေါ်ကြတဲ့ blackhead တော့ရှိကြပါတယ်။ ယနေ့ခေတ်မှာတော့ ဝက်ခြံကုသတဲ့ ဆေးတွေက များစွာရှိနေပြီးတော့ တခါတလေ ကိုယ်ဖြစ်တဲ့ ဝက်ခြံနဲ့ မကိုက်ညီလို့ အဆင်မပြေတာလည်း တွေ့ကြုံရတတ်ပါတယ်။ ကိုယ့်ရဲ့ ဝက်ခြံအကြောင်းကို သေချာမသိရင် အရေပြားအထူးကုဆရာဝန်ကို ပြသတာက အသင့်တော်ဆုံးဖြစ်ပါတယ်။
ဝက်ခြံနဲ့ပတ်သတ်ပြီး သိထားသင့်သောအချက်များ
-ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တတ်ခြင်း
- ဆေးဝါးတချိူ့ ဓာတ်မတည့်ရင်ဖြစ်တတ်ခြင်း
- နေလောင်ကာခရင် အဆီများတာလိမ်းရင် နေရောင်ဒဏ်နဲ့ အတူ အဆီပိုတွေ အထွက်များပြီး ဖြစ်တတ်ခြင်း ( oil free sun block သုံးပါ။)
- စိတ်ဖိစီးမှူ့ကြောင့် ဖြစ်တတ်သလို အိပ်ရေးပျက်တာကြောင့် ဖြစ်တတ်ခြင်း
- တကိုယ်ရည်သန့်ရှင်းမှူ့ မရှိသောကြောင့်ဖြစ်ခြင်း
- အလှကုန်အသုံးပြုပြီး မတည့်ရာကနေ papule or cysts ဝက်ခြံတွေ ဖြစ်တတ်ခြင်း
- တခါတလေ အစားအသောက်ကြောင့်လည်းဖြစ်တတ်ပါတယ်။
ဝက်ခြံအမြဲ ဖြစ်တတ်သူတွေ အနေနဲ့
anceprone skin အတွက် သီးသန့်ထုတ်ထားတဲ့ skimcare တွေသာ အသုံးပြုသင့်ပါတယ်။ဝက်ခြံဆိုးဆိုးရွားရွားဖြစ်တာ ကိုယ်ဘာသာကုလိုမ ပျောက်ရင်တော့ အရေပြားအထူးကုဆရာဝန်နဲ့ပြပြီး ဆေးရောသောက်ကြည့်ပြီး ကုသင့်ပါတယ်။
အရင်ဆုံး ယူမီ ဝက်ခြံတွေရဲ့ အမျိူးအစားအကြောင်းကို ရှင်းပြချင်ပါတယ်။ ဝက်ခြံဆိုတာ အခြေခံ အမျိူးအစား ၅မျိူးရှိပြီးတော့ လက္ခဏာရပ်တွေက လုံးဝမတူညီပါဘူး။ ဝက်ခြံအမျိူးအစား၅မျိူး ကတော့
Whitehead (အဖြူရောင် ဆားဝက်ခြံ) ၊Blackhead (အမည်းရောင် ဆားဝက်ခြံ) ၊ Papules or Pustules (ပြည်တည်နာ) ၊
  ၊Nobules or cysts ( ပြည်တည်အိတ်)
 တို့ဖြစ်ပါတယ်။
ဝက်ခြံအမျိူးအစားတခုစီရဲ့ အကြောင်းနဲ့ ကုသနည်းကိုတော့ ပုံ တပုံချင်းစီရဲ့ အောက်မှာ ယူမီ ရေးထားလို့ ဆက်လက် ဖတ်ကြည့်ပါ။ 👇
Whitehead အကြောင်း သိကောင်းစရာ
မျက်နှာမှာရှိတဲ့ အဆီပိုများ၊ဘက်တီးရီးယားနှင့် ဆဲလ်သေတွေ ပေါင်းစပ်ပြီး whitehead အနေနဲ့
မွှေးညင်းနုပေါက်လေးတွေကို ပိတ်စို့ပြီး အထဲတွင်  အဆီကျိတ်ဖုလေး ဖြစ်ရာမှ အဖြူရောင် ဆားဝက်ခြံဖြစ်ပေါ်လာပါသည်။
Whitehead ကို အရေပြားအထူးကုနဲ့ မပြသပဲ အိမ်မှာလည်းကုနိုင်ပါတယ်။
ကာကွယ်ခြင်းနှင့် ကုသနည်း
၁ မျက်နှာကို တနေ့ ၂ကြိမ်သန့်စင်ပေးပါ ( salicylic acid or benzyl peroxide ပါဝင်တဲ့ မျက်နှာသစ်ဆေးသုံးပေးခြင်းက whitehead ကို ပျောက်ကင်းစေပါတယ် )
၂ မိတ်ကပ်အသုံးပြုသူတွေက oil-free make up သုံးပေးပါ ( oil-free product တွေသုံးရပါမယ် )
၃ ခေါင်းကို ၃ရက်တခါတော့ လျော်ပေးပြီး ဆံပင်ရှည်သူဆိုရင် ဆံပင်စီးပါ။
၄ make up brush & sponge ကို ဆေးကြောသန့်စင်ထားပါ
(ညစ်ပေနေခြင်းက ဘက်တီးရီးယားတွေဖြစ်လာစေသလို ကူးစက်ခံရပါမယ် )
၅ ဆဲလ်သေတွေကို ဖယ်ရှားပေးပါ ( exfoliation scrub  တပတ်တခါ တိုက်ပေးတာ လုပ်ပေးပါ )
၆ အပတ်တိုင်း ခေါင်းအုံးစွပ်ကို လဲလှယ် ပေးပါ
( မျက်နှာကို ခေါင်းအုံးနဲ့ ဖိ အိပ်တတ်ရင် ပြင်ပါ)
၇ ပျားရည်ကို မျက်နှာကို လိမ်းပြီး ၁၅မိနစ်ထား ရေဆေးချတာ တပတ်တကြိမ်လုပ်ပေးပါ
၈ ရေများများသောက်ပေးပါ
၉ ရေနွေးငွေ့ပေါင်းတင်တာ ပြုလုပ်ပေးပါ
အဆင့်၄ဆင့်နှင့် ကုသနည်း( တပတ်တကြိမ်လုပ်ပါ )
၃ Baking soda ပေါင်းတင်နည်း
Baking soda ကို ရေရောပြီး ခပ်ပြစ်ပြစ်ဖြစ်ရင် မျက်နှာက ဝက်ခြံအဖုရှိတဲ့နေရာတွေကို လိမ်းပြီး ခြောက်သွားမှ ရေနွေးနွေးလေးနဲ့ ဆေးလိုက်ပါ
ဝက်ခြံဖြစ်ချိန်မှစပြီး တရက်ခြားတခါ လုပ်ပါ။
၁ ရေနွေးငွေ့ပေါင်းတင်ခြင်းနည်း
ရေနွေးပူပူထဲကို လက်သုတ်ပဝါအထူကို ထည့်ပါ
ရေညစ်ပြီးရင် မျက်နှာကို အုပ်ထားပါ ( ရေအေးရင် ထပ်စိမ်ပြီး ထပ်အုပ်ပါ) ( ၃ကြိမ်)
၂ Exfoliation scrub လုပ်နည်း
သကြား၂ဇွန်း ( သကြားညို)
ဒိန်ချဉ်တဇွန်း
ပျေးရည်တရာဇွန်း ထည့်ပြီးရင် ရလာသော scrub နှင့် မျက်နှာကို ခပ်ဖွဖွတိုက်ပေးပါ
၄  mask ပြုလုပ်နည်း
Oatmeal ၄ဇွန်း
ဒိန်ချဉ်၂ဇွန်း
သံပုရာရည် တဇွန်း
ပျားရည်တဇွန်း
Apple cider vinegar တဇွန်း
အစရှိသည်တို့ကို ရောနှောမွှေပြီးရင်တော့ မျက်နှာကို ထူထူသုတ်လိမ်းပြီး မိနစ်၂၀ထားပါ။
ပြီးမှ ရေနွေးနွေးလေးနဲ့ဆေးချပါ။
Blackhead အမည်းရောင် ဆားဝက်ခြံ အကြောင်း သိကောင်းစရာ
ဆားဝက်ခြံလို့လည်း ခေါ်ကြတဲ့ blackhead က လူတိုင်းတွေ့ကြုံခံစားဖူးပါတယ်။
အရွယ်ရောက်လာချိန်တွင် စတင်၍ ဟိုမုန်းအပြောင်းအလဲကြောင့်ဖြစ်ပေါ်တတ်ပါတယ်။
နှာခေါင်းမှာ အများဆုံးဖြစ်သလို ပါးနှင့် နှဖူးတွင်တခါတလေ ဖြစ်တန်ပါတယ်
Whitehead နှင့်မတူညီတာက အဆီဂလင်းနှင့် ဘတ်တီးရီးယားတို့ပေါင်းစပ်သွားသော်အခါ ချွေးပေါက်လေးကို ပိတ်မသွားပဲ အထဲ၌အဆီခဲဝက်ခြံအနေနဲ့ ရှိနေကာ နေရောင်ဒဏ်ခံရသဖြင့် မည်းလာပြီး blackhead ance ဖြစ်လာပါတယ်။
ဘယ်လိုကုသမလဲ? ဘယ်လိုကာကွယ်မလဲ?
၁ ခေါင်းလျော်ပါ ၃ရက်တခါဖြစ်ဖြစ် ဘာဖြစ်လို့လဲဆိုရင် ခေါင်းကအဆီထွက်မှူ့က မျက်နှာရှိအဆီဂလင်းမှာလည်း အဆီထွက်မှူ့ များပြားလာစေသောကြောင့်ဖြစ်ပါတယ်။
၂ ရေများများသောက်ပါ
၃ တပတ်တခါ exfoliation scrub သုံးချီးချွတ်ပါ
၄ မျက်နှာကို တနေ့ ၂ကြိမ်သန့်စင်ပါ ( salicylic acid or benzyl peroxide ပါတဲ့ ဆပ်ပြာသုံးပါ )
၅ အဆီများတဲ့ အစားအသောက်တွေရှောင်ပါ
၆ အသားအရေကို oil free moisturizer လိမ်းပေးပါ။
၇ စိတ်ဖိစီးမခံပါနဲ့
Blackhead remover mask
ပျားရည် ၁ဇွန်း
Baking soda ၂ဇွန်း
သံပုရာရည်၁ဇွန်း ရောလိုက်ပါ သွားပွတ်တံအနု brush အသစ်နဲ့ ရောထားတဲ့ အနှစ်ကို တင်ပြီး blackhead ရှိတဲ့နေရာတွေကို ပွတ်ပေးပါ။
Gelatine milk removal mask
Gelatine ( market မှာရောင်းပါတယ် ) ၁ဇွန်း
Milk ၂ဇွန်း ရောလိုက်ပါ နှာခေါင်းကို တင်ပြီး ခြောက်ရင် ခွာလိုက်ပါ။
Papules & pustles  ပြည်တည်နာ ဝက်ခြံအကြောင်း သိကောင်းစရာ
ဝက်ခြံအမျိူးအစားတခုဖြစ်ပြီး အလယ်အဆင့်ရှိသော ဝက်ခြံဖြစ်ပါတယ်။
whitehead & blackhead နဲ့ မတူညီပဲ နီရဲသော အဖုနှင့် ယောင်နေသလို မြင်ရပါတယ်။
နဂိုဝက်ခြံကဲ့သို့ အရေပြားအောက်မှာ အနာဖုဖြစ်နေချိန် အနာဖုကိုမှ အဆီပိုတွေနဲ့ ပိုးမွှား၊ အရေပြားဆဲလ်အသေတွေ တခါတည်းပေါင်းစပ်ပြီး အရေပြားအပေါ်ထိအဖုကြီးအဖြစ်ယောင်တက်လာကာ ပြည်တည်လာလို့ ပြည်တည်နာဝက်ခြံလို့ခေါ်ကြပါတယ်။ papule ကအရင်စတင်ဖြစ်ပြီး ကြာလာချိန်မှာ ဝက်ခြံက အရေပြားထိပ်ပေါ်တွင် ပြည်ဖုလေးကဲ့သို့ ပေါ်လာတာကို pustle ance ဖြစ်လာတာလို့ခေါ်ပါတယ်။ နှစ်မျိူးကအတူတူပဲ ဖြစ်ပါတယ်။
ကာကွယ်နည်းနှင့် ကုသနည်း
၁ benzyl peroxide or salysis acid ပါဝင်တဲ့ skin care သုံးပေးပါ။ ဝက်ခြံအဖုကိုတို့ပေးရတဲ့ ance spot gel သုံးပါ။
၂ မျက်နှာသစ်ရင် မျက်နှာသစ်ဆေး mild cleanser ( ဆပ်ပြာအပျော့စားနှင့် (salysis acid ပါဝင်ရမယ် ) ခပ့် ဖွဖွ သစ်ပါ)
တနေ့ ၂ကြိမ်သစ်ပေးပါ
၃ မိတ်ကပ်တွေ လုံးဝ မလိမ်းပါနဲ့
၄ Toner& moisturizer ( salysis acid ပါဝင်တာသုံးပါ ) ပဲ လိမ်းပေးပါ။
၅ ညစ်ပတ်တဲ့ လက်နဲ့ မကိုင်ပါနဲ့ လုံးဝမညစ်ပါနဲ့
၆ ရေများများသောက်ပါ သန့်ရှင်းစွာနေပါ
၇ စိတ်ဖိစီးမခံပါနဲ့
၈ Exfloiation scrub အပျော့စားလုပ်ပါ ဝက်ခြံကိုမပွတ်ပါနဲ့ အုံရုံလေးပဲ တင်ပါ။
၉ ဂွမ်းနဲ့ ရေနွေးထဲစိမ်ပြီးရင် ဝက်ခြံအဖုကို အုပ်ပေးပါ ( ရေနွေးနွေးလေးနဲ့ပဲ မျက်နှာသစ်ပါ)
ပေါင်းမတင်ခင် လုပ်ပေးပါ။
အောက်ပါ မျက်နှာပေါင်းတင်နည်းထဲမှ အဆင်ပြေသောနည်းတခုကို  ရွေးချယ်ပြီး ၄ရက်ခြားတခါလုပ်ကြည့်ပါ။
ပျားရည်၁ဇွန်း
Oatmeal (အုတ်ဂျူံမှူန့်) ၃ဇွန်း
ဘဲဥ၁ လုံး ရောလိုက်ပါ ရလာသော အနှစ်ကို မျက်နှာကို လိမ်းပြီးရင် မိနစ်၃၀ထားပြီးမှ ရေဆေးချလိုက်ပါ
Oatmeal ( ချက်ထားသော ) 1/2 cup ( ရေနည်းနည်းရော အပူပေးချက်ရုံသာ )
ပျားရည် 1/8 cup ကို ရောလိုက်ပါ
မိနစ်၃၀ထားပြီးရင် ရေနွေးနွေးနဲ့ သစ်လိုက်ပါ
ခရမ်းချဉ်သီးရည်ကို ဂွမ်းနဲ့ စိမ်ပြီး ဝက်ခြံပေါ် တနေ့ ၂ကြိမ် မိနစ်၂၀ တို့ပေးပါ။ ပြီးမှ ရေနွေးနွေးနဲ့ဆေးရုံပါ။( နေ့စဉ်လုပ်ရန်)
Chocolate ၃ဇွန်း
ပျားရည် ၂ဇွန်း ရောပြီး မွှေလိုက်ပါ
မျက်နှာမှာ မိနစ်၃၀ထားအုပ်ပေးပြီးရင် ရေနွေးနွေးလေးနဲ့ဆေးလိုက်ပါ။
လက်ဖက်ခြောက်ရွက်ကိုထောင်းပါ
သံပုရည်နှင့်ရောပြီးရင် ဝက်ခြံတွေအပေါ် အုပ်ပေးပြီး မိနစ်၃၀ထားပါ။
Exfoliation scrub လုပ်နည်း
( မျက်နှာပေါင်းတင်ပြီး ၂ရက်အကျော်တွင်လုပ်ပေးပါ တပတ်ကို တကြိမ်သာလုပ်ရန် )
သကြား၂ဇွန်း ( သကြားညို)
ဒိန်ချဉ်တဇွန်း
ပျေးရည်တရာဇွန်း ထည့်ပြီးရင် ရလာသော scrub နှင့် မျက်နှာကို ခပ်ဖွဖွတိုက်ပေးပါ။
Cystic/ Nodule ance ပြည်တည်အိတ်ဝက်ခြံ အကြောင်းသိကောင်းစရာ
Cystic အရင်ဖြစ်ပြီးမှ nodule ance ကိုကူးပြောင်းပါတယ်။ အဖုအကြီးကြီးဖြစ်ပြီး အထဲတွင်ပြည်တွေနှင့်ပြည့်နေတတ်ပါတယ်။ ဖြစ်စမှာ ပြည်လေးတွေ အပေါ်မှာရှိနေတတ်ပြီး ပြည်တည်နာဖုက ပိုမိုရောင်ရမ်းပြီး အသားမျှင်တွေနဲ့ အထဲကိုနက်ရှိူင်းစွာ ပေါင်းစပ်ကာ အဖုအကျိတ်အကြီးကြီးအနေနဲ့ nodule အဆင့်ကိုရောက်သွားပါတယ်။
ဖယ်ထုတ်လိုရင် ကိုယ်တိုင်ထက် အရေပြားခွဲစိတ်ဆရာဝန်နဲ့ ထုတ်မှသာ အဆင်ပြေပါတယ်။
ကာကွယ်နည်းနှင့် ကုသနည်း
၁  salysis acid or benzyl peroxid ပါဝင်တဲ့ skin care ကိုသုံးကြည့်ပါ။
၂ မျက်နှာသစ်ရင် မျက်နှာသစ်ဆေး mild cleanser ( ဆပ်ပြာအပျော့စားနှင့် (salysis acid ပါဝင်ရမယ် ) ခပ့် ဖွဖွ သစ်ပါ)
တနေ့ ၂ကြိမ်သစ်ပေးပါ
၃ မိတ်ကပ်တွေ လုံးဝ မလိမ်းပါနဲ့
၄ Toner& moisturizer ( salysis acid ပါဝင်တာသုံးပါ ) ပဲ လိမ်းပေးပါ။
၅ ညစ်ပတ်တဲ့ လက်နဲ့ မကိုင်ပါနဲ့ လုံးဝမညစ်ပါနဲ့
၆ ရေများများသောက်ပါ သန့်ရှင်းစွာနေပါ
၇ စိတ်ဖိစီးမခံပါနဲ့
၈ Exfloiation scrub အပျော့စားလုပ်ပါ ဝက်ခြံကိုမပွတ်ပါနဲ့ အုံရုံလေးပဲ တင်ပါ။
၉ ဂွမ်းနဲ့ ရေနွေးထဲစိမ်ပြီးရင် ဝက်ခြံအဖုကို အုပ်ပေးပါ ( ရေနွေးနွေးလေးနဲ့ပဲ မျက်နှာသစ်ပါ)
ပေါင်းမတင်ခင် လုပ်ပေးပါ။
ပေါင်းတင်ခြင်း
ညအိပ်ခါနီးတိုင်း မျက်နှာသန်စင်ပြီးရင် apple cider vinegar ရည်ကို ဂွမ်းနဲ့ စိမ်ပြီး မျက်နှာက ဝက်ခြံအဖုမှာ ဂွမ်းနဲ့ အုံ တို့ပေးပြီး အိပ်ပါ ( နေ့စဉ် ဝက်ခြံမပျောက်မချင်းလုပ်ပါ)
《အောက်ပါနည်းမှ တနည်းကို သုံးပေးပါ》
Coffee mask
ကော်ဖီ
ပျားရည်
သံလွင်ဆီ ရောလိုက်ပါ မျက်နှာကို mask အနေနဲ့ ပေါင်းတင်ပါ။ ( တပတ်တကြိမ်)
ငှက်ပျော်သီး mask
ငှက်ပျော်သီး 1/2
နနွင်း ၁ဇွန်း ( ဟင်းခတ်ဇွန်း)
ဒိန်ချဉ် ၁ဇွန်း ရေနှောမွှေပါ အနှစ်ရရင် မျက်နှာကို ထူထူလေး လိမ်း မိနစ် ၃၀ပေါင်းတင်ပါ( တပတ်တကြိမ်သာလုပ်ရန် )
လက်ဖက်နှစ်ပေါင်းတင်နည်း
လက်ဖက်ကို ထောင်းပြီး ( လက်ဖက် ကို ခွက်ရဲ့ 1/2 ) သံပုရည်ညစ်ထည့်ပါ။
လက်ဖက်အနှစ်ကို ဝက်ခြံဖုကို အုံပေးပါ ( ဒီနည်းကို နေ့စဉ်လုပ်နိုင်ပါတယ် )
သစ်ဂျပိုး mask.
သစ်ဂျပိုးခေါက် မှူန့် ၂ဇွန်း
ပျားရည် ၂ဇွန်း ရောနှောပြီး ပေါင်းတင်ခြင်းကို တပတ်တကြိမ်လုပ်နိုင်ပါတယ်
အဓိက အထူးပြုစရာက ပေါင်းတင်ပြီးရင် မျက်နှာကို သေချာ cleansing လုပ်ပါ။
Exfoliation scrub ကို ပေါင်းတင်တဲ့နေ့နဲ့ ၂ရက်ခြားမှာလုပ်ပေးပြီး တပတ်တကြိမ်သာလုပ်ပါ။
Exfoliation scrub လုပ်
သကြား၂ဇွန်း ( သကြားညို)
ဒိန်ချဉ်တဇွန်း
ပျေးရည်တရာဇွန်း ထည့်ပြီးရင် ရလာသော scrub နှင့် မျက်နှာကို ခပ်ဖွဖွတိုက်ပေးပါ။
ယူမီ ဝက်ခြံအကြောင်းသိကောင်းစရာဆို လွန်ခဲ့တဲ့ ၂၀၁၆က ရေးသားခဲ့တာကို ပြန်လည် update လုပ်ပြီး အသစ်ရေးသားလိုက်ပါတယ်။ ဝက်ခြံ ဖြစ်နေသူတိုင်းအတွက် အကျိူးပြုစေဖို့ ရည်ရွယ်ပါတယ်။
#yumie
www.beautytheorieswithyumie.blogspot.com
- ဆေးဝါးတချို့ ဓာတ်မတည့်ရင်ဖြစ်တတ်ခြင်း
အရင်ဆုံး ယူမီ ဝက်ခြံတွေရဲ့ အမျိုးအစားအကြောင်းကို ရှင်းပြချင်ပါတယ်။ ဝက်ခြံဆိုတာ အခြေခံ အမျိုးအစား ၅မျိုးရှိပြီးတော့ လက္ခဏာရပ်တွေက လုံးဝမတူညီပါဘူး။ ဝက်ခြံအမျိုးအစား၅မျိုး ကတော့
 တို့ဖြစ်ပါတယ်။
ဝက်ခြံအမျိုးအစားတခုစီရဲ့ အကြောင်းနဲ့ ကုသနည်းကိုတော့ ပုံ တပုံချင်းစီရဲ့ အောက်မှာ ယူမီ ရေးထားလို့ ဆက်လက် ဖတ်ကြည့်ပါ။ 👇
၎ make up brush & sponge ကို ဆေးကြောသန့်စင်ထားပါ
အဆင့်၎ဆင့်နှင့် ကုသနည်း( တပတ်တကြိမ်လုပ်ပါ )
သကြား၂ဇွန်း ( သကြားညို)
ဒိန်ချဉ်တဇွန်း
၎  mask ပြုလုပ်နည်း
Oatmeal ၄ဇွန်း
ဒိန်ချဉ်၂ဇွန်း
သံပုရာရည် တဇွန်း
ပျားရည်တဇွန်း
၂ ရေများများသောက်ပါ
၎ မျက်နှာကို တနေ့ ၂ကြိမ်သန့်စင်ပါ ( salicylic acid or benzyl peroxide ပါတဲ့ ဆပ်ပြာသုံးပါ )
၇ စိတ်ဖိစီးမခံပါနဲ့
ပျားရည် ၁ဇွန်း
Baking soda ၂ဇွန်း
ဝက်ခြံအမျိုးအစားတခုဖြစ်ပြီး အလယ်အဆင့်ရှိသော ဝက်ခြံဖြစ်ပါတယ်။
တနေ့ ၂ကြိမ်သစ်ပေးပါ
၎ Toner& moisturizer ( salysis acid ပါဝင်တာသုံးပါ ) ပဲ လိမ်းပေးပါ။
၇ စိတ်ဖိစီးမခံပါနဲ့
ပျားရည်၁ဇွန်း
Chocolate ၃ဇွန်း
သကြား၂ဇွန်း ( သကြားညို)
ဒိန်ချဉ်တဇွန်း
တနေ့ ၂ကြိမ်သစ်ပေးပါ
၎ Toner& moisturizer ( salysis acid ပါဝင်တာသုံးပါ ) ပဲ လိမ်းပေးပါ။
၇ စိတ်ဖိစီးမခံပါနဲ့
ပေါင်းတင်ခြင်း
Coffee mask
ကော်ဖီ
ပျားရည်
ငှက်ပျော်သီး mask
ငှက်ပျော်သီး 1/2
သစ်ဂျပိုး mask.
သကြား၂ဇွန်း ( သကြားညို)
ဒိန်ချဉ်တဇွန်း
#yumie
No comments:
Post a Comment
All about skin types and how to care your skin
" အသားအ​ရေ အမျိူးအစားများ အ​ကြောင်း " မျက်နှာ အသားအ​ရေရဲ့ ဖြစ်တည်မှူ့က အ​ခြေခံအ​နေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစား​တွေလဲ...