Tuesday, September 5, 2017
မိန္းမသားတို႔ မေမ့အပ္ေသာ အရာ
Unicode version
မိန်းမသားတို့ မမေ့အပ်သော အရာ
မိန်းကလေးဆိုတာ အဆင်းလှစရာ လိုအပ်တဲ့ အပြင် အရည်အချင်းရှိသင့်တာကို လုံးဝမမေ့ပါနဲ့
စင်ဒရဲလားပုံပြင်တွေ နားမဝင်ပါနဲ့
သင့်ဘဝကို မင်းသားလေးနဲ့ တွေ့ပြီး မင်းသမီး ဖြစ်ဖို့ပဲ ရှေ့ဆက်မနေပါနဲ့
စင်ဒရဲလားပုံပြင်ရဲ့ နောက်ဆက်တွဲဘာဖြစ်လဲ ကျွန်မတို့ သိသလား ???
ကျွန်မတို့ မြန်မာနိုင်ငံရဲ့ မိရိုးဖလာ ထုံးစံအရ
သမီးမိန်းကလေး အရွယ်ရောက်ရင် အဖိုးတန်မိန်းမဖြစ်ရန် ယောကျာ်းကောင်းရှာပေးတတ်ကြတယ်
ဂုဏ်သိက္ခာရှိတဲ့ ချမ်းသာသော အမျိူးသားကသာ သူမဘဝကို တန်ဖိုးရှိတယ် သတ်မှတ်ထားကြတယ်
အပျိူကြီးဆိုရင် ကဲ့ရဲ့ချင်တယ်လေ တံခွန်မရှိတဲ့ဘုရား လင်မရှိတဲ့မယား မတင့်တယ်ဘူးတဲ့
ယောကျာ်းကောင်းကို လက်ထပ်သင့်တာမှန်ပါတယ်
မိမိကို စောင့်ရှောက်နိုင်သူ မိမိအတွက် ခင်ပွန်းကောင်းဖြစ်နိုင်သူသာ ရွေးချယ်သင့်ပါတယ်
ဒါပေ့မယ့် မိမိ အရည်အချင်းတွေကို မမေ့သင့်ပါဘူး
မိမိက ဆရာဝန်ဖြစ်သော်လည်း အမျိူးသားက အရမ်းချမ်းသာတဲ့ သူဌေးဖြစ်နေတာနဲ့ ကျွန်မ ဘယ်သူ့ဇနီးဆို အမြဲဂုဏ်ယူပြီး ကိုယ့်အရည်အချင်းကို မမေ့သင့်ပါဘူး
အန်ဂျလီနာဂျိူလီ ကို ဘရတ်ပစ်မိန်းမထက် အန်ဂျလီနာဂျိူလီလို့ပဲ လူသိများတာလေ
သူယူထားတဲ့ ယောကျာ်းက လူမသိလို့လားဆိုရင် ဘရတ်ပစ် ဆိုတာ နာမည်ကြီး အရည်အချင်းရှိတဲ့ အမျိူးသားပါပဲ
သူ့ယောကျာ်းနဲ့ ယှဉ်လည်း သူမ မမှေးမှိန်ဘူးလေ
ဘစ်တိုးရီးယားလည်း fashion designer အနေနဲ့ သူမကို လူသိများပြီး ဘတ်ခမ်းမိန်းမလို့ပဲ သိကြတာမဟုတ်ပါဘူး
အဓိကပြောချင်တာက အရည်အချင်းရှိတဲ့ ယောကျာ်းယူတာနဲ့ ကိုယ့်အရည်အချင်းကို ဖယ်ရှားတာ မလုပ်ပါနဲ့
ရှေးရိုးအစဉ်အလာတွေ သတ်ဖြတ်တာ မခံပါနဲ့
ကိုယ့်ကို ကို ငယ်ငယ်တည်းက ကြိူးစားပါ
ငါက တနေ့ကျ ဘာဖြစ်ရမယ် အိမ်မက်တွေရှိနေရပါမယ်
ယောကျာ်းယူပြီးရင်လည်း ဆက်လက်ကြိူးစားပါ မိမိအရည်အချင်းတွေကို မစွန့်ပစ်ပါနဲ့
မိမိလက်ထပ်တဲ့သူက တသက်လုံးအနားမှာရှိနိုင်တယ်လို့ တထစ်ချမတွက်ပါနဲ့
ယောကျာ်းက ဖောက်ပြန်လို့ မထွက်သွားရင်တောင် သူဆုံးပါးသွားရင် ဘယ်လိုရပ်တည်မလဲ ??
ဘရတ်ပစ်နဲ့ ကွာရှင်းလည်းအ န်ဂျလီနာဂျိူလီဆို
သူမရဲ့ဘဝကို အေးဆေးရပ်တည်နိုင်တယ်
သားသမီးတွေကို ထောက်ပံ့နိုင်တယ်
ဘာဖြစ်လို့လဲ ????
"အရည်အချင်းရှိသလို သူမကိုယ် သူမ ယုံကြည်မှူ့ရှိတော့ ဆက်လက်ရပ်တည်နိုင်တယ်"
သူမ လက်ထပ်စဉ်ကလည်း ပျော်ရွှင်စရာမိသားစုလေးရှိခဲ့တယ် ကွာရှင်းလည်း သူမ ဘဝက ပျက်စီးမသွားဘူး
ကျွန်မပြောချင်တာက အာ့တာပါပဲ
ကိုယ်က ဘာစီးပွားရေးမှ မသိ ဘာမှ မလုပ်တတ်ရင်
ကိုယ့်အရည်အချင်းတွေ ဖယ်ရှားလိုက်ရင်
ယောကျာ်းဆုံးပါးတာ သို့မဟုတ် ဖောက်ပြန်ပြီး ထားခဲ့ခံရရင် ဒုက္ခတွေစတင်ရောက်ပါတယ်
ယောကျာ်းက ဖောက်ပြန်ပြီးထားခဲ့ခံရသူဆို ပိုဆိုးပါတယ်။ ဘာကြောင့်လဲ ???
တချိူ့ ဖြစ်ရပ်တွေဆိုရင် အမျိူးသမီးက ကွာရှင်းချိန်မှာ ဝင်ငွေမရှိလို့ ကိုယ့်သားသမီးတောင် မစောင့်ရှောက်နိုင်တော့ ယောကျာ်းကို ပေးလိုက်ရတဲ့ အဖြစ်တွေရှိပါတယ်။
မယားစရိတ် ကလေးစရိတ်ပေးတောင် သူပေးတဲ့ နစ်နာကြေးက ကိုယ်နဲ့ကလေးဘဝအတွက် လုံလောက်နိုင်ပါ့မလားရှင်
ကျွန်မ အဓိကပြောချင်တာက ငယ်ရွယ်သူ ကလည်း အသက်ငယ်စဉ်တည်းက မင်းသားလေးကို စောင့်ပြီး စင်ဒရဲလားအိမ်မက်ကို စိတ်ကူးယဉ်မယ့်အစား အရည်အချင်းရှိအောင် ကြိူးစားဖို့ မမေ့သင့်သလို ယောကျာ်းကောင်းနဲ့ လက်ထပ်ခဲ့ရရင်လည်း မိမိရဲ့ အရည်အချင်းတွေကို မဖယ်ရှားလိုက်ပါနဲ့ ကိယ့်ခင်ပွန်းမရှိခဲ့ရင်လည်း ရပ်တည်နိုင်အောင် ကြိူးစားပါ .............
Zawgyi version
မိန္းမသားတို႔ မေမ့အပ္ေသာ အရာ
မိန္းကေလးဆိုတာ အဆင္းလွစရာ လိုအပ္တဲ့ အျပင္ အရည္အခ်င္းရွိသင့္တာကို လံုးဝမေမ့ပါနဲ႔
စင္ဒရဲလားပံုျပင္ေတြ နားမဝင္ပါနဲ႔
သင့္ဘဝကို မင္းသားေလးနဲ႔ ေတြ႕ၿပီး မင္းသမီး ျဖစ္ဖို႔ပဲ ေရွ႕ဆက္မေနပါနဲ႔
စင္ဒရဲလားပံုျပင္ရဲ႕ ေနာက္ဆက္တြဲဘာျဖစ္လဲ ကၽြန္မတို႔ သိသလား ???
ကၽြန္မတို႔ ျမန္မာႏိုင္ငံရဲ႕ မိရိုးဖလာ ထံုးစံအရ
သမီးမိန္းကေလး အရြယ္ေရာက္ရင္ အဖိုးတန္မိန္းမျဖစ္ရန္ ေယာက်ာ္းေကာင္းရွာေပးတတ္ၾကတယ္
ဂုဏ္သိကၡာရွိတဲ့ ခ်မ္းသာေသာ အမ်ိဴးသားကသာ သူမဘဝကို တန္ဖိုးရွိတယ္ သတ္မွတ္ထားၾကတယ္
အပ်ိဴႀကီးဆိုရင္ ကဲ့ရဲ႕ခ်င္တယ္ေလ တံခြန္မရွိတဲ့ဘုရား လင္မရွိတဲ့မယား မတင့္တယ္ဘူးတဲ့
ေယာက်ာ္းေကာင္းကို လက္ထပ္သင့္တာမွန္ပါတယ္
မိမိကို ေစာင့္ေရွာက္ႏိုင္သူ မိမိအတြက္ ခင္ပြန္းေကာင္းျဖစ္ႏိုင္သူသာ ေရြးခ်ယ္သင့္ပါတယ္
ဒါေပ့မယ့္ မိမိ အရည္အခ်င္းေတြကို မေမ့သင့္ပါဘူး
မိမိက ဆရာဝန္ျဖစ္ေသာ္လည္း အမ်ိဴးသားက အရမ္းခ်မ္းသာတဲ့ သူေဌးျဖစ္ေနတာနဲ႔ ကၽြန္မ ဘယ္သူ႔ဇနီးဆို အျမဲဂုဏ္ယူၿပီး ကိုယ့္အရည္အခ်င္းကို မေမ့သင့္ပါဘူး
အန္ဂ်လီနာဂ်ိဴလီ ကို ဘရတ္ပစ္မိန္းမထက္ အန္ဂ်လီနာဂ်ိဴလီလို႔ပဲ လူသိမ်ားတာေလ
သူယူထားတဲ့ ေယာက်ာ္းက လူမသိလို႔လားဆိုရင္ ဘရတ္ပစ္ ဆိုတာ နာမည္ႀကီး အရည္အခ်င္းရွိတဲ့ အမ်ိဴးသားပါပဲ
သူ႔ေယာက်ာ္းနဲ႔ ယွဥ္လည္း သူမ မေမွးမွိန္ဘူးေလ
ဘစ္တိုးရီးယားလည္း fashion designer အေနနဲ႔ သူမကို လူသိမ်ားၿပီး ဘတ္ခမ္းမိန္းမလို႔ပဲ သိၾကတာမဟုတ္ပါဘူး
အဓိကေျပာခ်င္တာက အရည္အခ်င္းရွိတဲ့ ေယာက်ာ္းယူတာနဲ႔ ကိုယ့္အရည္အခ်င္းကို ဖယ္ရွားတာ မလုပ္ပါနဲ႔
ေရွးရိုးအစဥ္အလာေတြ သတ္ျဖတ္တာ မခံပါနဲ႔
ကိုယ့္ကို ကို ငယ္ငယ္တည္းက ႀကိဴးစားပါ
ငါက တေန႔က် ဘာျဖစ္ရမယ္ အိမ္မက္ေတြရွိေနရပါမယ္
ေယာက်ာ္းယူၿပီးရင္လည္း ဆက္လက္ႀကိဴးစားပါ မိမိအရည္အခ်င္းေတြကို မစြန္႔ပစ္ပါနဲ႔
မိမိလက္ထပ္တဲ့သူက တသက္လံုးအနားမွာရွိႏိုင္တယ္လို႔ တထစ္ခ်မတြက္ပါနဲ႔
ေယာက်ာ္းက ေဖာက္ျပန္လို႔ မထြက္သြားရင္ေတာင္ သူဆံုးပါးသြားရင္ ဘယ္လိုရပ္တည္မလဲ ??
ဘရတ္ပစ္နဲ႔ ကြာရွင္းလည္းအ န္ဂ်လီနာဂ်ိဴလီဆို
သူမရဲ႕ဘဝကို ေအးေဆးရပ္တည္ႏုိင္တယ္
သားသမီးေတြကို ေထာက္ပံ့ႏိုင္တယ္
ဘာျဖစ္လို႔လဲ ????
"အရည္အခ်င္းရွိသလို သူမကိုယ္ သူမ ယံုၾကည္မႉ့ရွိေတာ့ ဆက္လက္ရပ္တည္ႏိုင္တယ္"
သူမ လက္ထပ္စဥ္ကလည္း ေပ်ာ္ရႊင္စရာမိသားစုေလးရွိခဲ့တယ္ ကြာရွင္းလည္း သူမ ဘဝက ပ်က္စီးမသြားဘူး
ကၽြန္မေျပာခ်င္တာက အာ့တာပါပဲ
ကိုယ္က ဘာစီးပြားေရးမွ မသိ ဘာမွ မလုပ္တတ္ရင္
ကိုယ့္အရည္အခ်င္းေတြ ဖယ္ရွားလိုက္ရင္
ေယာက်ာ္းဆံုးပါးတာ သို႔မဟုတ္ ေဖာက္ျပန္ၿပီး ထားခဲ့ခံရရင္ ဒုကၡေတြစတင္ေရာက္ပါတယ္
ေယာက်ာ္းက ေဖာက္ျပန္ၿပီးထားခဲ့ခံရသူဆို ပိုဆိုးပါတယ္။ ဘာေၾကာင့္လဲ ???
တခ်ိဴ့ ျဖစ္ရပ္ေတြဆိုရင္ အမ်ိဴးသမီးက ကြာရွင္းခ်ိန္မွာ ဝင္ေငြမရွိလို႔ ကိုယ့္သားသမီးေတာင္ မေစာင့္ေရွာက္ႏုိင္ေတာ့ ေယာက်ာ္းကို ေပးလိုက္ရတဲ့ အျဖစ္ေတြရွိပါတယ္။
မယားစရိတ္ ကေလးစရိတ္ေပးေတာင္ သူေပးတဲ့ နစ္နာေၾကးက ကိုယ္နဲ႔ကေလးဘဝအတြက္ လံုေလာက္ႏုိင္ပါ့မလားရွင္
ကၽြန္မ အဓိကေျပာခ်င္တာက ငယ္ရြယ္သူ ကလည္း အသက္ငယ္စဥ္တည္းက မင္းသားေလးကို ေစာင့္ၿပီး စင္ဒရဲလားအိမ္မက္ကို စိတ္ကူးယဥ္မယ့္အစား အရည္အခ်င္းရွိေအာင္ ႀကိဴးစားဖို႔ မေမ့သင့္သလို ေယာက်ာ္းေကာင္းနဲ႔ လက္ထပ္ခဲ့ရရင္လည္း မိမိရဲ႕ အရည္အခ်င္းေတြကို မဖယ္ရွားလိုက္ပါနဲ႔ ကိယ့္ခင္ပြန္းမရွိခဲ့ရင္လည္း ရပ္တည္ႏိုင္ေအာင္ ႀကိဴးစားပါ .....................
#yumie
Subscribe to:
Post Comments (Atom)
All about skin types and how to care your skin
" အသားအရေ အမျိူးအစားများ အကြောင်း " မျက်နှာ အသားအရေရဲ့ ဖြစ်တည်မှူ့က အခြေခံအနေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစားတွေလဲ...

-
မွန္ကန္ေသာ Bra Size ေရြးခ်ယ္ဝယ္ယူနည္း ပ်ိဴေမတို႔ေရ ေန႔စဥ္ဝတ္ေနတဲ့ အတြင္းခံ အက်ီၤေလး ဆိုဒ္မမွန္ရင္ ရင္သားက ပံုပ်က္လာတာ မလွတာျဖစ္တတ္ပါတယ္။...
-
" အသားအရေ အမျိူးအစားများ အကြောင်း " မျက်နှာ အသားအရေရဲ့ ဖြစ်တည်မှူ့က အခြေခံအနေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစားတွေလဲ...
No comments:
Post a Comment