Tuesday, September 5, 2017
DIY whitening face & body mask
Unicode Version
အသားဖြူဖွေးစေသော ကိုယ်တိုင်လုပ် အသားအရေထိန်း ပေါင်းတင်နည်း
ပါဝင်ပစ္စည်းနဲ့ ပမာဏများ
နနွင်း ၁ဇွန်း
ဒိန်ချဉ် ၂ဇွန်း
ဆန်မှူန့် ၁ဇွန်း
သံပုရာရည်တဇွန်း
( လဘ္ဘရည်ဇွန်းတဇွန်း သို့မဟုတ် ဟင်းခတ်ဇွန်း တဇွန်း)
ပထမအဆင့်အနေနဲ့ မျက်နှာကို မိတ်ကပ်တွေရှိနေရင်သေချာ makeup remover နဲ့ ဖျက်လိုက်ပြီ။
ဒုတိယအဆင့်က မျက်နှာကို သေချာ မျက်နှာသစ်နဲ့ သန့်စင်လိုက်ပါ။
တတိယအဆင့်မှာတော့ ပါဝင်ပစ္စည်းတွေကို ရောနှောလိုက်ပါ။
စတုတ္ထ အဆင့်မှာ ရလာတဲ့ အနှစ်ကို မျက်နှာရဲ့ မျက်စိ နား နှူတ်ခမ်းကလွဲရင် အကုန်လုံးကို mask လိမ်းတဲ့ စုတ်တံနဲ့ ယူပြီး တမျက်နှာလုံးကိုလိမ်းထားပါ။ ခပ်ထူထူအုပ်ပေးပါ။
ပဉ္စမ အဆင့်မှာ မိနစ်၂၀ထားပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးကြောလိုက်ပါ။ အသားအရေက ကြည်လင်ပြီး ချောမွေ့တာ မြင်ရပါမယ်။
ပြီးရင်တော့ တိုနာ၊ မျက်နှာလိမ်းခရင် လိမ်းတေကျကို လိမ်းထားရင် ရပါပြီ။
တပတ်ကို တကြိမ်လုပ်ပေးရင် ရက်၃ပတ်ဆို သိသိသာသာဖြူဝင်းလာတာကို မြင်ရပါမယ်။
ဒီနည်းလမ်းက ကိုယ်ပိုင်နည်းလမ်းဖြစ်သလို website က ယူထားတဲ့နည်းမဟုတ်လို့ ပြန်ကူးရင် credit ပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်။
မျက်နှာမှာ အနာဖြစ်နေတာတို့ ဝက်ခြံကုပ်ထားတာရှိရင်တော့ အဆင်မပြေပါဘူး 👈
#yumie
Zawgyi version
နနွင်း ၁ဇွန်း
ဒိန်ချဉ် ၂ဇွန်း
ဆန်မှူန့် ၁ဇွန်း
သံပုရာရည်တဇွန်း
#yumie
No comments:
Post a Comment
All about skin types and how to care your skin
" အသားအ​ရေ အမျိူးအစားများ အ​ကြောင်း " မျက်နှာ အသားအ​ရေရဲ့ ဖြစ်တည်မှူ့က အ​ခြေခံအ​နေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစား​တွေလဲ...