"မိတ်ကပ်ပစ္စည်းတွေကို ဘယ်လိုထားရမလဲ?"
ကိုယ့်လို makeup junkie လေးတွေအတွက် ကိုယ့်ရဲ့ မိတ်ကပ်ပစ္စည်းထားနည်းလေးကို မျှဝေပေးချင်ပါတယ် 👈
Makeup Goal လို့ဆိုရလောက်အောင် မများပြားပင်မယ့် အတော်လေးတော့ စုဆောင်းဝယ်ဖြစ်တယ်။ ပြီးတော့ ဝယ်ထားတာလေးတွေကို လည်း သေချာထားဖြစ်သလို ပျက်စီးမှာကြောက်တယ်လေ။ အာ့တော့ makeup junkie ဖြစ်တဲ့ ယူမီ သေချာသိမ်းဆည်းဖြစ်တယ်။
ဆက်လက်ပြီး ဘယ်လို စီစဉ်ဖြစ်လဲဆိုတာပြောပါမယ်။
အရင်ဆုံး လိုအပ်တာက cosmetic container လေးတွေပဲ ဖြစ်ပါတယ်။ DIY အနေနဲ့ စက္ကူဘူးလေးတွေနဲ့ ကိုယ်တိုင်လုပ်နိုင်သလို ယူမီကတော့ miniso ကနေ container လေးတွေဝယ်ဖြစ်တယ်။
ပုံလေးတွေထဲကအတိုင်းပဲ
ယူမီက အလှကုန်တွေကို သူအမျိူးအစားအလိုက် စုစည်းထားဖြစ်တယ်။
🎀 mascara ဆိုရင် ယူမီ က အတော်များများဝယ်စုဖြစ်တော့ များတယ်။ အာ့တော့ တစုတည်း eyeliner တွေရော အကုန်စုပြီး သီးသန့်ထားလိုက်တယ်။
🎀 Lipstick ဆိုရင် ယူမီက အရင်က အချောင်းလိုက်လေး ထောင်ထည့်တဲ့ container သုံးဖြစ်တယ်။ ဒါပေ့မယ့် matte အရှည်တွေကျ သိပ်အဆင်မပြေလို့ ဖုန်လည်းမတက်ရအောင်ဆို ပုံထဲက container လေးနဲ့ စုထည့်ဖြစ်ပါတယ်။
🎀 မှန်တင်ခုံ အံဆွဲဆိုရင်လည်း ယူမီ ပစ္စည်းတွေ ရှူပ်မပွရအောင် container တခုစီနဲ powder ဘူးလေးတွေ ပါးနီပြားတွေ အစရှိသဖြင့် ခွဲထည့်ထားတော့ ရှာရလွယ်သလို သုံးပြီး အာ့ထဲ ပြန်ထည့်တော့ သိမ်းစရာမလိုဘူး။
🎀 eye shadow ဘူးတွေဆိုလည်း တနေရာတည်းကို စာအူပ်စင်မှာ စာအုပ်စီထားသိုပဲ စီထားဖြစ်ပြီး shadow ဘူးအထဲက အခံလေးတွေနဲ့ပဲ ထားဖြစ်တယ်။ ပြုတ်ကျရင်တောင် မကွဲတော့ဘူးလေ။
🎀 တခြား body care hair care ဆိုလည်း သူအမျိူးအစားအလိုက် နေရညတခုတည်းစုထားဖြစ်ပါတယ်။
နောက်ထပ်တခု sharing ချင်တာက
အလှကုန်တခုဝယ်ပြီး ဖွင့်သုံးရင် သုံးတဲ့နေ့date က်ု sticker နဲ့ ဘူးမှာ ကပ်ထားလိုက်တယ်။ ဒီတော့ expire ကုန်ခါနီးပြီးလားဆိုတာ မမေ့သလို သတိထားမိတယ်။
အလှကုန်တွေက အဖုံးဖွင့်ပြီးစကနေ ဘယ်နှစ်လဆို expire ဖြစ်တော့ ဒီလိုလုပ်တာ အဆင်ပြေတယ်။
Skincare ကတော့ ရေခဲသတ္တာသီးသန့်ဝယ်ထားပြီး အာ့ထဲမှာ ထားဖြစ်တယ်။ တခုရှိတာက အအေးကို အလယ်အလတ်ပဲထားပါ။နောက်ပြီး မီးကို အမြဲမဖွင့်ထားရင် skincareကို အပြင်မှာ ထားတာထက်ကို ပျက်စီးနိုင်ချေရှိပါတယ်။ ရေခဲသေတ္တာက မီးမရှိရင် အထဲကအလှကုန်ကပိုပူစေသလို ပျက်စီးနိုင်ပါတယ်။
အလှကုန်နဲ့ skincare ဝယ်ရင် sale ချတဲ့အချိန်ဝယ်သင့်ပင်မယ့် expire ကို မေးပြီးမှ ဝယ်ပါ။ 👈
Makeup brush ကို အပြင်မှာ container နဲ့ ထုတ်ထားရင် တပတ်တကြိမ်တော့ ဆေးပြီးသုံးပါ။ တနှစ်ထက်ပိုလည်း မသုံးပါနဲ့။
ယူမီက အလှပြင်ခုံ ရှူပ်ပွရင် မကြိုက်သလို ရှင်းနေမှ စိတ်ချမ်းသာတဲ့သူဆိုတော့ ခဏခဏ မရှင်းရအောင် သုံးပြီးတိုင်း နေရာတကျ တခါတည်းထားတဲ့အကျင့်လုပ်တယ်။ မျက်တောင်တု ဆိုလည်း သူ့ဘူးနဲ့ သူ အကုန်စုထည့်ထားတယ်။
ကိုယ့်လို မိတ်ကပ်ပစ္စည်းတွေကို ဝယ်ဖြစ်သလို စုဆောင်းရတာ သဘောကျရင် သေချာလေး သိမ်းဆည်းဖို့ တိုက်တွန်းချင်သလို ခုလိုလေး ထားရင် ရှင်းရတာ သက်သာလို့ ကိုယ်ရဲ့ မှန်တင်ခုံထားနည်းလေးကို မျှဝေပေးလိုက်ပါတယ်နော် 😘
#yumie
"မိတ္ကပ္ပစၥည္းေတြကို ဘယ္လိုထားရမလဲ?"
ကိုယ့္လို makeup junkie ေလးေတြအတြက္ ကိုယ့္ရဲ႕ မိတ္ကပ္ပစၥည္းထားနည္းေလးကို မွ်ေဝေပးခ်င္ပါတယ္ 👈
Makeup Goal လို႔ဆိုရေလာက္ေအာင္ မမ်ားျပားပင္မယ့္ အေတာ္ေလးေတာ့ စုေဆာင္းဝယ္ျဖစ္တယ္။ ၿပီးေတာ့ ဝယ္ထားတာေလးေတြကို လည္း ေသခ်ာထားျဖစ္သလို ပ်က္စီးမွာေၾကာက္တယ္ေလ။ အာ့ေတာ့ makeup junkie ျဖစ္တဲ့ ယူမီ ေသခ်ာသိမ္းဆည္းျဖစ္တယ္။
ဆက္လက္ၿပီး ဘယ္လို စီစဥ္ျဖစ္လဲဆိုတာေျပာပါမယ္။
အရင္ဆုံး လိုအပ္တာက cosmetic container ေလးေတြပဲ ျဖစ္ပါတယ္။ DIY အေနနဲ႕ စကၠဴဘူးေလးေတြနဲ႕ ကိုယ္တိုင္လုပ္နိုင္သလို ယူမီကေတာ့ miniso ကေန container ေလးေတြဝယ္ျဖစ္တယ္။
ပုံေလးေတြထဲကအတိုင္းပဲ
ယူမီက အလွကုန္ေတြကို သူအမ်ိဴးအစားအလိုက္ စုစည္းထားျဖစ္တယ္။
🎀 mascara ဆိုရင္ ယူမီ က အေတာ္မ်ားမ်ားဝယ္စုျဖစ္ေတာ့ မ်ားတယ္။ အာ့ေတာ့ တစုတည္း eyeliner ေတြေရာ အကုန္စုၿပီး သီးသန႔္ထားလိုက္တယ္။
🎀 Lipstick ဆိုရင္ ယူမီက အရင္က အေခ်ာင္းလိုက္ေလး ေထာင္ထည့္တဲ့ container သုံးျဖစ္တယ္။ ဒါေပ့မယ့္ matte အရွည္ေတြက် သိပ္အဆင္မေျပလို႔ ဖုန္လည္းမတက္ရေအာင္ဆို ပုံထဲက container ေလးနဲ႕ စုထည့္ျဖစ္ပါတယ္။
🎀 မွန္တင္ခုံ အံဆြဲဆိုရင္လည္း ယူမီ ပစၥည္းေတြ ရႉပ္မပြရေအာင္ container တခုစီနဲ powder ဘူးေလးေတြ ပါးနီျပားေတြ အစရွိသျဖင့္ ခြဲထည့္ထားေတာ့ ရွာရလြယ္သလို သုံးၿပီး အာ့ထဲ ျပန္ထည့္ေတာ့ သိမ္းစရာမလိုဘူး။
🎀 eye shadow ဘူးေတြဆိုလည္း တေနရာတည္းကို စာအူပ္စင္မွာ စာအုပ္စီထားသိုပဲ စီထားျဖစ္ၿပီး shadow ဘူးအထဲက အခံေလးေတြနဲ႕ပဲ ထားျဖစ္တယ္။ ျပဳတ္က်ရင္ေတာင္ မကြဲေတာ့ဘူးေလ။
🎀 တျခား body care hair care ဆိုလည္း သူအမ်ိဴးအစားအလိုက္ ေနရညတခုတည္းစုထားျဖစ္ပါတယ္။
ေနာက္ထပ္တခု sharing ခ်င္တာက
အလွကုန္တခုဝယ္ၿပီး ဖြင့္သုံးရင္ သုံးတဲ့ေန႕date က္ု sticker နဲ႕ ဘူးမွာ ကပ္ထားလိုက္တယ္။ ဒီေတာ့ expire ကုန္ခါနီးၿပီးလားဆိုတာ မေမ့သလို သတိထားမိတယ္။
အလွကုန္ေတြက အဖုံးဖြင့္ၿပီးစကေန ဘယ္ႏွစ္လဆို expire ျဖစ္ေတာ့ ဒီလိုလုပ္တာ အဆင္ေျပတယ္။
Skincare ကေတာ့ ေရခဲသတၱာသီးသန႔္ဝယ္ထားၿပီး အာ့ထဲမွာ ထားျဖစ္တယ္။ တခုရွိတာက အေအးကို အလယ္အလတ္ပဲထားပါ။ေနာက္ၿပီး မီးကို အၿမဲမဖြင့္ထားရင္ skincareကို အျပင္မွာ ထားတာထက္ကို ပ်က္စီးနိုင္ေခ်ရွိပါတယ္။ ေရခဲေသတၱာက မီးမရွိရင္ အထဲကအလွကုန္ကပိုပူေစသလို ပ်က္စီးနိုင္ပါတယ္။
အလွကုန္နဲ႕ skincare ဝယ္ရင္ sale ခ်တဲ့အခ်ိန္ဝယ္သင့္ပင္မယ့္ expire ကို ေမးၿပီးမွ ဝယ္ပါ။ 👈
Makeup brush ကို အျပင္မွာ container နဲ႕ ထုတ္ထားရင္ တပတ္တႀကိမ္ေတာ့ ေဆးၿပီးသုံးပါ။ တႏွစ္ထက္ပိုလည္း မသုံးပါနဲ႕။
ယူမီက အလွျပင္ခုံ ရႉပ္ပြရင္ မႀကိဳက္သလို ရွင္းေနမွ စိတ္ခ်မ္းသာတဲ့သူဆိုေတာ့ ခဏခဏ မရွင္းရေအာင္ သုံးၿပီးတိုင္း ေနရာတက် တခါတည္းထားတဲ့အက်င့္လုပ္တယ္။ မ်က္ေတာင္တု ဆိုလည္း သူ႕ဘူးနဲ႕ သူ အကုန္စုထည့္ထားတယ္။
ကိုယ့္လို မိတ္ကပ္ပစၥည္းေတြကို ဝယ္ျဖစ္သလို စုေဆာင္းရတာ သေဘာက်ရင္ ေသခ်ာေလး သိမ္းဆည္းဖို႔ တိုက္တြန္းခ်င္သလို ခုလိုေလး ထားရင္ ရွင္းရတာ သက္သာလို႔ ကိုယ္ရဲ႕ မွန္တင္ခုံထားနည္းေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္ 😘
#yumie
No comments:
Post a Comment