Friday, July 28, 2017

အမဲစက် တင်းတိတ် မဲ့ခြောက်အကြောင်း သိကောင်းစရာ (unicode font)
Melanin ထုတ်လုပ်မှူ့က အရေပြားမှာ များလာချိန်တွင် အမဲစက်ဆိုတာ စတင်ဖြစ်လာပါတယ်။ ဝက်ခြံဖြစ်ပြီးရင်လည်း အမဲစက်တွေ ကျန်ခဲ့တတ်ပါတယ်။ အသက်အရွယ်အရ သို့မဟုတ် နေလောင်ဒဏ်ကြောင့် လည်း အမဲစက်တင်းတိတ် မဲ့ခြောက်က ထိခိုက်နိုင်တယ်။ အေးတဲ့နေရာမှာ နေသူတွေကတော့ မဲ့ခြောက် ဖြစ်တတ်သလို moistening cream နဲ့ နေရောင်ကာကို သေချာသုံးပေးရင် ကာကွယ်နိုင်ပါတယ်။ ဆေးဝါးသောက်ရချိန်မတည့်ရင်လည်း ဖြစ်တတ်ပါတယ်။ တခါတလေ ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်ပါတယ်။ အသဲရောဂါဖြစ်သူတွေလည်းဖြစ်ပါတယ်။ မီးဖိုက အပူနဲ့ အဝတ်တိုက်တဲ့မီးပူက အပူရှိန်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ အထက်ပါအချက်တွေကတော့ ဘယ်လိုအခြေအနေဆိုရင် ဖြစ်တတ်တယ်ဆိုတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။

ကာကွယ်နည်း

အဓိက အရေးကြီးဆုံး ကာကွယ်ရမှာကတော့
နေရောင်ခြည်ဒဏ်ကို ဖြစ်ပါတယ်။ နေလောင်ကာခရင်ကို spf 30 ကျော်ကို သုံးပေးသင့်ပါတယ်။ နေလောင်ကာခရင်က spf 30ဆိုရင် တနေ့တာမှာ မိနစ် ၁၅၀ခန့် ကြာရှည်စွာ ကာကွယ်နိုင်ပါတယ်။ spf 50 overဆိုရင်တော့ 250 min ကျော်ထိ ကာကွယ်နိုင်ပါတယ်။ မီးဖိုချောင်အမြဲဝင်တာနဲ့ မီးပူတိုက်သူတွေက နေလောင်ကာကို အိမ်နေရင်းလည်းလိမ်းပေးသင့်ပါတယ်။ ဆေးဝါးတွေသောက်တုန်းဖြစ်ရင် ဆေးဝါးချိန်းဖို့ ဆရာဝန်ကို ပြန်လည်ပြောကြားပါ။ အသက်ကြီးလာချိန် မဖြစ်ချင်ရင် collagen ဓာတ်ပါဝင်တဲ့ ဖြည့်စွတ်စာတွေကို အသက်၃၀ကျော်တည်းက သုံးပေးပါ။

သဘာဝကုထုံးနည်းများ

၁ AHA ဓာတ်ပါဝင်တဲ့ သဘာၤသီးရည် ကို အမဲစက်ရှိတဲ့ မျက်နှာမှာ နေ့စဉ်လိမ်းရင် ပမာဏကိုမူတည်ပြီး တဖြေးဖြေး ပျောက်ကင်းပါတယ်။

၂ ရှားစောင်းလက်ပတ်ကို နေ့စဉ်လိမ်းခြင်းကလည်း တင်းတိတ်အမဲစက် မဲ့ခြောက်ကို သက်သာစေပါတယ်။

၃ Vitamin E oil ကလည်း အမဲစက်တွေကို လျော့နည်းစေလို့ ညလိမ်းအိပ်ရင် ကောင်းပါတယ်။

၄ အာလူးကို တနေ့ကို ၁၅မိနစ်ခန့်ကပ်ပေးခြင်းကလည်း အလွယ်ကူဆုံး ကုသနည်း ဖြစ်ပါတယ်။

၅ ကြက်သွန်နီ ရည်ကို apple cider vinegar နဲ့ ရောပြီးတော့ mask အနေနဲ့ ၃ရက်ခြားတကြိမ်လုပ်ပေးရင်လည်း သက်သာစေပါတယ်။

ဘယ်လိုအမျိူးအစား ingredient ပါတာ သုံးရမလဲ

ဝက်ခြံ ဖြစ်ပြီး အမဲစက်ကျန်သူတွေဆိုရင်တော့
Kojic acid+ arbutin+ green tea extract+ vitamin c

Sensitivity skin ဆိုရင်တော့
licorice root extract + vitamin c + niacinamide

Exfoliation scrub or exfoliator သုံးပေးရပါတယ်။

အသက်ကြီးတဲ့သူတွေအတွက် နာမည်ကြီးတဲ့ age spot corrector cream တွေကတော့

Lancome age spot, Doctor’s Dermatologic Formula (DDF) age spot cream, pond's clarant B3 Dark spot correcting cream, Loreal Age Perfect Mature Skin (day & night cream)

တင်းတိတ်အမဲစက် မဲ့ခြောက်ဖြစ်သူတွေထဲမှာ အသက်အရွယ်မရွေးသုံးနိုင်တဲ့ cream တံဆိပ်တွေကတော့

Kiehl's Clearly Corrective Dark Spot Solution, Paula's Choice Resist Triple-Action Dark Spot Eraser 2% BHA Gel, Neutrogena Dark spot cream အစရှိသဖြင့် သုံးနိုင်ပါတယ်။

Ingredient list မှာ Kojic acid,arbutin, vitaminC စသဖြင့်ပါဝင်ရင်လည်း အမဲစက်ကိုလျော့နည်းသက်သာစေပါတယ်။

ဒီအကြောင်းအရာက ယူမီကို အမေးများတော့ သေချာလေး ကိုယ်တိုင်လေ့လာပြီးမှ ရေးသားဖြစ်ပါတယ်။ အလှအပရေးရာတွေ ရေးရင် ကူးယူပြီးဘာသာပြန်ရေးတာ မဟုတ်ပဲ များစွာသောအကြောင်းအရာအကုန်လေ့လာပြီးမှ အဆင်ပြေနိုင်ဆုံးကို ကိုယ်ရဲ့ အတွေ့အကြုံ အိုင်ဒီယာတွေနဲ့ ပေါင်းပြီး ရေးသားလေ့ရှိလို့ ပြန်လည်ကူးယူရင် credit ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။

#yumie
www.beautytheorieswithyumie.blogspot.com

Zaw gyi font

အမဲစက္ တင္းတိတ္ မဲ့ေျခာက္အေၾကာင္း သိေကာင္းစရာ

Melanin ထုတ္လုပ္မႉ့က အေရျပားမွာ မ်ားလာခ်ိန္တြင္ အမဲစက္ဆိုတာ စတင္ျဖစ္လာပါတယ္။ ဝက္ျခံျဖစ္ၿပီးရင္လည္း အမဲစက္ေတြ က်န္ခဲ့တတ္ပါတယ္။ အသက္အရြယ္အရ သို႔မဟုတ္ ေနေလာင္ဒဏ္ေၾကာင့္ လည္း အမဲစက္တင္းတိတ္ မဲ့ေျခာက္က ထိခိုက္ႏိုင္တယ္။ ေအးတဲ့ေနရာမွာ ေနသူေတြကေတာ့ မဲ့ေျခာက္ ျဖစ္တတ္သလို moistening cream နဲ႔ ေနေရာင္ကာကို ေသခ်ာသံုးေပးရင္ ကာကြယ္ႏိုင္ပါတယ္။ ေဆးဝါးေသာက္ရခ်ိန္မတည့္ရင္လည္း ျဖစ္တတ္ပါတယ္။ တခါတေလ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ျဖစ္တတ္ပါတယ္။ အသဲေရာဂါျဖစ္သူေတြလည္းျဖစ္ပါတယ္။ မီးဖိုက အပူနဲ႔ အဝတ္တိုက္တဲ့မီးပူက အပူရိွန္ေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ အထက္ပါအခ်က္ေတြကေတာ့ ဘယ္လိုအေျခအေနဆိုရင္ ျဖစ္တတ္တယ္ဆိုတဲ့ အေၾကာင္းရင္းေတြ ျဖစ္ပါတယ္။

ကာကြယ္နည္း

အဓိက အေရးႀကီးဆံုး ကာကြယ္ရမွာကေတာ့ 
ေနေရာင္ျခည္ဒဏ္ကို ျဖစ္ပါတယ္။ ေနေလာင္ကာခရင္ကို spf 30 ေက်ာ္ကို သံုးေပးသင့္ပါတယ္။ ေနေလာင္ကာခရင္က spf 30ဆိုရင္ တေန႔တာမွာ မိနစ္ ၁၅၀ခန္႔ ၾကာ႐ွည္စြာ ကာကြယ္ႏိုင္ပါတယ္။ spf 50 overဆိုရင္ေတာ့ 250 min ေက်ာ္ထိ ကာကြယ္ႏိုင္ပါတယ္။ မီးဖိုေခ်ာင္အျမဲဝင္တာနဲ႔ မီးပူတိုက္သူေတြက ေနေလာင္ကာကို အိမ္ေနရင္းလည္းလိမ္းေပးသင့္ပါတယ္။ ေဆးဝါးေတြေသာက္တုန္းျဖစ္ရင္ ေဆးဝါးခ်ိန္းဖို႔ ဆရာဝန္ကို ျပန္လည္ေျပာၾကားပါ။ အသက္ႀကီးလာခ်ိန္ မျဖစ္ခ်င္ရင္ collagen ဓာတ္ပါဝင္တဲ့ ျဖည့္စြတ္စာေတြကို အသက္၃၀ေက်ာ္တည္းက သံုးေပးပါ။

သဘာဝကုထံုးနည္းမ်ား

၁ AHA ဓာတ္ပါဝင္တဲ့ သဘာၤသီးရည္ ကို အမဲစက္႐ွိတဲ့ မ်က္ႏွာမွာ ေန႔စဥ္လိမ္းရင္ ပမာဏကိုမူတည္ၿပီး တေျဖးေျဖး ေပ်ာက္ကင္းပါတယ္။ 

၂ ႐ွားေစာင္းလက္ပတ္ကို ေန႔စဥ္လိမ္းျခင္းကလည္း တင္းတိတ္အမဲစက္ မဲ့ေျခာက္ကို သက္သာေစပါတယ္။

၃ Vitamin E oil ကလည္း အမဲစက္ေတြကို ေလ်ာ့နည္းေစလို႔ ညလိမ္းအိပ္ရင္ ေကာင္းပါတယ္။ 

၄ အာလူးကို တေန႔ကို ၁၅မိနစ္ခန္႔ကပ္ေပးျခင္းကလည္း အလြယ္ကူဆံုး ကုသနည္း ျဖစ္ပါတယ္။

၅ ၾကက္သြန္နီ ရည္ကို apple cider vinegar နဲ႔ ေရာၿပီးေတာ့ mask အေနနဲ႔ ၃ရက္ျခားတႀကိမ္လုပ္ေပးရင္လည္း သက္သာေစပါတယ္။
 
ဘယ္လိုအမ်ိဴးအစား ingredient ပါတာ သံုးရမလဲ

ဝက္ျခံ ျဖစ္ၿပီး အမဲစက္က်န္သူေတြဆိုရင္ေတာ့
Kojic acid+ arbutin+ green tea extract+ vitamin c

Sensitivity skin ဆိုရင္ေတာ့
licorice root extract + vitamin c + niacinamide 

Exfoliation scrub or exfoliator သံုးေပးရပါတယ္။

အသက္ႀကီးတဲ့သူေတြအတြက္ နာမည္ႀကီးတဲ့ age spot corrector cream ေတြကေတာ့

Lancome age spot, Doctor’s Dermatologic Formula (DDF) age spot cream, pond's clarant B3 Dark spot correcting cream, Loreal Age Perfect Mature Skin (day & night cream)

တင္းတိတ္အမဲစက္ မဲ့ေျခာက္ျဖစ္သူေတြထဲမွာ အသက္အရြယ္မေရြးသံုးႏိုင္တဲ့ cream တံဆိပ္ေတြကေတာ့ 

Kiehl's Clearly Corrective Dark Spot Solution, Paula's Choice Resist Triple-Action Dark Spot Eraser 2% BHA Gel, Neutrogena Dark spot cream အစ႐ွိသျဖင့္ သံုးႏိုင္ပါတယ္။

Ingredient list မွာ Kojic acid,arbutin, vitaminC စသျဖင့္ပါဝင္ရင္လည္း အမဲစက္ကိုေလ်ာ့နည္းသက္သာေစပါတယ္။

ဒီအေၾကာင္းအရာက ယူမီကို အေမးမ်ားေတာ့ ေသခ်ာေလး ကိုယ္တိုင္ေလ့လာၿပီးမွ ေရးသားျဖစ္ပါတယ္။ အလွအပေရးရာေတြ ေရးရင္ ကူးယူၿပီးဘာသာျပန္ေရးတာ မဟုတ္ပဲ မ်ားစြာေသာအေၾကာင္းအရာအကုန္ေလ့လာၿပီးမွ အဆင္ေျပႏိုင္ဆံုးကို ကိုယ္ရဲ႕ အေတြ႔အၾကံဳ အိုင္ဒီယာေတြနဲ႔ ေပါင္းၿပီး ေရးသားေလ့႐ွိလို႔ ျပန္လည္ကူးယူရင္ credit ေပးဖို႔ ေမတၱာရပ္ခံခ်င္ပါတယ္။

#yumie
www.beautytheorieswithyumie.blogspot.com

No comments:

Post a Comment

All about skin types and how to care your skin

" အသားအ​ရေ အမျိူးအစားများ အ​ကြောင်း " မျက်နှာ အသားအ​ရေရဲ့ ဖြစ်တည်မှူ့က အ​ခြေခံအ​နေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစား​တွေလဲ...