Thursday, July 27, 2017

How to use makeup brushes?


How to use makeup brushes?

Makeup brush tools လေးတွေ က ခေတ်စားလာသလို မိတ်ကပ်ချယ်ရတာကို လွယ်ကူစေပြီး အထောက်အကူဖြစ်စေပါတယ်။ ဒါဆိုရင် မိတ်ကပ် brush တွေကို ဘယ်လို အသုံးချရမလဲဆိုတာတော့ သိဖို့ လိုအပ်ပြီနော်။ ဒါကြောင့် ပျိူမေတို့ အတွက် မိတ်ကပ် brush တွေ ရဲ့ အသုံးပြုနည်းကို ယူမီက မျှဝေပေးလိုက်ပါတယ်။


Powder Brushes

Loose powder, foundation powder, mineral powder, pressed powder အစရှိတဲ့ ဘယလိုအမျိူးစားပေါင်ဒါမဆို လိမ်းချယ်ရင် အသုံးပြုသင့်တဲ့ brush အမျိူးအစားဖြစ်ပါတယ်။ ပေါင်ဒါ အမှူန့်ဆိုရင်တော့ ယူပြီးများနေရင်အနည်းငယ်ခါပြီးမှ သုံးပေးတာကောင်းပါတယ်။ brush တွေအားလုံးထဲမှာ သူကအကြီးဆုံးဖြစ်ပါတယ်။
Foundation Fiber Brushes
ပုံထဲက ပုံစံ brush လေးတွေကတော့ BB cream, cc cream, foundation အပြင် ပါးနီခရင်တွေလိမ်းရင် သုံးနိုင်ပါတယ်။ ထိပ်ပြားက ချွန်ချွန်ပါးပါးလေးတွေနဲ့ blending လုပ်ပေးရပါတယ်။ Powder လေးတွေကို ခပ်ပါးပါးလိမ်းရင်လည်း သူံးနိင်ပါတယ်။

Foundation brush
Liquid Foundation လိမ်းရင် သုံးနိုင်ပြီးတော့ blending ကတော့ beauty sponge နဲ့ ပြန်လုပ်ပေးရင် ပိုကောင်းပါတယ်။

Contour brush
Bronzer ကိုသုံးပြီးတော့ မေးရိုးချတဲ့အခါမှာ blending လုပ်ရတာ အဆင်ပြေစေတဲ့ သုံးလို့ကောင်းတဲ့ brush အမျိူးအစားဖြစ်ပါတယ်။
Contour brush
Beginner တဦးအနေနဲ့ လွယ်ကူစွာ မေးရိုးချရင် လိုင်းပေါ်အောင် ဆွဲနိုင်တဲ့ brush အမျိူးအစားဖြစ်ပါတယ်။ အောက်ခြေက ပြားနေပြီး အရှည်လိုက်ဖြစ်ပါတယ်။

Cheek Blush Brush
powder အမျိူးအစား ပါးနီကိုချယ်ရင် သုံးနိုင်ပါတယ်။ ပါးရိုးလေးနဲ့ ပါးအို့လေးတွေကို ပေါ်လွင်အောင် ဒီလို brush လေးသုံးပြီးတော့ ပါးနီချယ်သကြည့်ပါ။
Setting brush
ဒါလေးကတော့ ပါးနီအပေါ် ပါးအို့ရိုးလေးမှာ shimmer လေးနဲ့ ပြောင်စေချင်တဲ့အခါ သုံးရင် သူ့ကိုသုံး့ပီး ချယ်သနိုင်ပါတယ်။ highlight or contour လုပ်ရင် သုံးနိုင်ပါတယ်။
Eyeshadow Blending brush
Blending က မျက်လုံးချယ်သရင် အရေးကြီးဆုံးဖြစ်လို့ ဒီ brush က အလှပြင်တဲ့ ပျိူမေအတွက် မရှိမဖြစ်ပဲ ဖြစ်ပါတယ်။ မျက်လုံးမျက်ခွံရိုးပေါ်မှာချယ်ထားတဲ့ shadow တွေကို အပုံလိုက်မဖြစ်အောင် အသာလေးဖြန့်ပေးနိုင်ပါတယ်။
Smudger brush
Eyeshadow & eyeliner အရမ်းထင်းနေရင် အသာလေးဖြန့်ဖြေရင် နေရာအတိအကျမရွေ့ပဲလုပ်နိုင်ပါတယ်။ သူရဲ့ ထိပ်ချွန်လေးက အတိအကျလေးရစေလို့ မျက်လုံးဘေးထောင့်လေးတွေ ချယ်သရင်လည်းသုံးနိုင်ပါတယ်။
Precision Crease Brush
Blending brush အမျိူးအစားထဲပါဝင်ပြီးတော့ sparkle shadow ပြောင်ပြောင်လက်လက် shadow လေးတွေကို မျက်ခွံရိုးမှာ အတိအကျ blending လုပ်ရင် သုံးလို့အရမ်းကောင်းပါတယ်။ ပြီးတော့ crease နေရာ မျက်ရစ်နား အချိူင့်ဝင်နေတဲ့ နေရာလေးကိုပဲshadow ချယ်ပြီး blending ရင် သုံးလို့ကောင်းပါတယ်။
Angled eyeshadow liner brush
မျက်လုံးချယ်ရင် ဘေးထောင့် လိုင်းဆွဲတဲ့ အခါသုံးနိုင်ပါတယ်။ ပုံဖော်ရင်မညီတာတို့ မဖြစ်ပဲ လွယ်ကူစေပါတယ်။

Liner brush
Eyeliner gel type သုံးရင် ဒီ brush လေးတွေနဲ့ ယူပြီးတော့ သုံးနိုင်ပါတယ်။

Eyebrow or liner brush
မျက်ခုံး မွှေး လိုင်းပုံဖော်တာနဲ့ မျက်ခုံးမွှေး ဆွဲရင် သုံးတဲ့ brush လေးတွေ ဖြစ်ပါတယ်။

Lip contour brush
Lip creamတွေ ဆိုးရင် သို့မဟုတ် နှူတ်ခမ်းနီကို အရောင်စပ်ဆိုးတာ ပုံဖော်ရင်သုံးနိုင်ပါတယ်။
Fan brush
ဒီbrush က မျက်လုံးချယ်လို့ အမှူန်ကျရင် powder နဲ့ ဖယ်နိုင်သလို shimmer or highlight တွေ ချယ်ရင် သုံးနိုင်ပါတယ်။

www.beautytheorieswithyumie.blogspot.com

No comments:

Post a Comment

All about skin types and how to care your skin

" အသားအ​ရေ အမျိူးအစားများ အ​ကြောင်း " မျက်နှာ အသားအ​ရေရဲ့ ဖြစ်တည်မှူ့က အ​ခြေခံအ​နေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစား​တွေလဲ...