Tuesday, July 24, 2018
မိတ်ကပ်လိမ်းပင်မယ့် မသန့်စင်ရင် ဘယ်လိုအကျိုးဆက်ဖြစ်မလဲ?
မိတ်ကပ်လိမ်းပင်မယ့် သေချာမသန့်စင်ရင် ဘယ်လိုအကျိုးဆက်တွေဖြစ်မလဲ?
ဘယ်လို အကျိုးဆက်ဖြစ်မလဲဆိုရင်
မိတ်ကပ်ဖျက်ဆေး အမျိုးမျိုးထဲမှ ဒီနေ့ ယူမီက ကိုယ်သုံးဖြစ်တဲ့ Micellar water အမျိုးအစား အကြောင်းပြောပြပါမယ်။
မျက်နှာကိုထပ်သစ်စရာမလိုတော့ တချို့ night out ထွက်ပြီးပြန်လာချိန်ဖြစ်စေ အရမ်းအိပ်ချင်လို့ မျက်နှာမသစ်ချင်ဘူးဆိုလည်း cotton pad အသုံးပြုပြီး Miceller water နဲ့ သန့်စင်ပေးနိုင်ပါတယ်။
🌸 brush cleanser
🌸 အအေးပိုင်းကို ခရီးထွက်ချိန် မျက်နှာ သန့်စင်ဖို့ နှိုးနှိုးခြင်းအေးလို့ အဆင်မပြေရင် သူကိုပဲ အသုံးပြုသန့်စင်နိုင်ပါတယ်။
ကဲ ဒီနေ့တော့ မိတ်ကပ်ဖျက်သင့်တဲ့ အကြောင်းရယ် မိတ်ကပ်ဖျက်ဆေးတွေထဲက micellar water အကြောင်းပြော ပြီးတော့ ယူမီ သုံးဖြစ်နေတဲ့ Miceller water အမျိုးအစားနှစ်ခု အကြောင်း review ဆက်ပြော ပါမယ်။
Unicode
မိတ်ကပ်လိမ်းပင်မယ့် သေချာမသန့်စင်ရင် ဘယ်လိုအကျိူးဆက်တွေဖြစ်မလဲ?
ချစ်ရတဲ့ ပျိူမေတို့ရေ ယူယူ ဒီနေ့တော့ အရေးကြီးတဲ့ အကြောင်းလေးတခုကို ပြောပြချင်ပါတယ်။ ဒါကတော့ ခုခေတ်မှာဆို နေ့စဉ် မိန်းကလေး ၁၀၀မှာ ၇၀ကျော်က မိတ်ကပ် လိမ်းချယ်ပြင်ဆင်ဖြစ်ကြတယ်။ အသားအရေအကြောင်းစိတ်ဝင်စားသလို ဂရုစိုက်သူတော်တော်များကတော့ မိတ်ကပ်လိမ်းသလို သေချာ သန့်စင်ဖယ်ရှားပင်မယ့် တချိူ့ကျတော့ ဒါကို အလေးမထားမိတာရှိပါတယ်။ ဒီလို အလေးမထားပဲ မိတ်ကပ်မဖျက်ပဲ မနေသင့်တာကို သိထားသင့်ငလို ဆိုးကျိူးတွေကို ဆက်လက်ပြောပြာမယ်။
ဘယ်လို အကျိူးဆက်ဖြစ်မလဲဆိုရင်
- ချွေးပေါက်ထဲမှာ မိတ်ကပ်တွေကျန်ရစ်ပြီး နောက်ပိုင်းမှာ ဝက်ခြံအဆီဖု စတာတွေ ဖြစ်လာစေပါတယ်။
- သေချာ makeup remover နဲ့ မဖျက်ပဲ မျက်နှာသစ်ဆေးနဲ့ တိုက်ရိုက်သန့်စင်ပြီး ပွတ်ဆွဲရင်လည်း အရေအကြောင်းတွေ ဖြစ်စေပါတယ်။
- ဆိုးထားတဲ့ နှူတ်ခမ်းနီ မဖျက်ပဲ အိပ်ရင် နှူတ်ခမ်းသား ပျက်စီးစေသလို ခြောက်သွေ့စေခြင်း မဲညစ်စေပါတယ်။
- မျက်လုံးမှာ ချယ်ထားတဲ့ မိတ်ကပ် မဖျက်ပဲ အိပ်တာဆိုရင်နေ့စဉ်ဆို မျက်စိကို ထိခိုက်စေပါတယ်။ ဒါ့အပြင် eyeliner တွေကို ချယ်တာ သေချာမသန့်စင်ပဲ မအိပ်သင့်ပါ။
- အသားအရေခြောက်သွေ့ပျက်စီးစေသလို အရေပြားကိုအိုမင်းစေပါတယ်။
ဒါကြောင့် မျက်နှာမှာ full makeup ပြင်တတ်ရင် မိတ်ကပ်ကိုလည်း ဖျက်တတ်ဖို့ လိုအပ်ပါတယ်။
မိတ်ကပ်ဖျက်ဆေး အမျိူးမျိူးထဲမှ ဒီနေ့ ယူမီက ကိုယ်သုံးဖြစ်တဲ့ Micellar water အမျိူးအစား အကြောင်းပြောပြပါမယ်။
Micellar water ဆိုသည်မှာ ရေဓာတ်ကို အခြေခံ ထုတ်လုပ်ထားပြီး အထဲပ မော်လီကြူလေးတွေရဲ့ သံလိုက်ဆွဲငင်အားနဲ့ အတူ မိတ်ကပ် ကိုအလွယ်တကူဖျက်ပေးနိုင်တဲ့ အရည်အမျိူးအစားဖြစ်ပါတယ်။ မိတ်ကပ်သန့်စင်ပြီး အသားအရေကို ခြောက်သွေ့ မသွားစေသလို အစိုဓာတ်လည်းဖြည့်ပေးနိုင်ပါတယ်။
မျက်နှာကိုထပ်သစ်စရာမလိုတော့ တချိူ့ night out ထွက်ပြီးပြန်လာချိန်ဖြစ်စေ အရမ်းအိပ်ချင်လို့ မျက်နှာမသစ်ချင်ဘူးဆိုလည်း cotton pad အသုံးပြုပြီး Miceller water နဲ့ သန့်စင်ပေးနိုင်ပါတယ်။
နောက်ထပ် Micellar water ကို ဘာတွေ သုံးနိုင်သေးလဲဆိုရင်တော့
🌸 brush cleanser
( မိတ်ကပ် brush တွေကို သူ့အသုံးပြုပြီး အလွယ်တကူ သန့်စင်နိုင်ပါတယ်။ )
🌸 shadow or eyeliner ချယ်ရင်း ပေခဲ့ရင် cotton အတံလေးနဲ့ သူကိုသုံးပြီး အသာလေးဖျက်ပေးနိုင်တယ်။
🌸 gym ဆော့ပြီး ချွေးထွက်လို့ ညစ်နေတဲ့ အသားအရေကိုလည်း သန့်စင်ပေးနိုင်တယ်။
🌸 အအေးပိုင်းကို ခရီးထွက်ချိန် မျက်နှာ သန့်စင်ဖို့ နှိူးနှိူးခြင်းအေးလို့ အဆင်မပြေရင် သူကိုပဲ အသုံးပြုသန့်စင်နိုင်ပါတယ်။
🌸 နောက်ဆုံး အချက်ကတော့ အဝတ်မှာ မိတ်ကပ်ပေခဲ့ရင် အသာလေး အလွယ်တကူဖျက်နိုင်တယ်။
Double cleansing လုပ်ချင်တဲ့သူဆိုရင်တော့ မျက်နှာကို Micellar water နဲ့ သန့်စင်ပြီးရင် ထပ်ပြီး သုံးနေကျ မျက်နှာသစ်ဆေးနဲ့ အသုံးပြုသန့်စင်နိုင်ပါတယ်။
ကဲ ဒီနေ့တော့ မိတ်ကပ်ဖျက်သင့်တဲ့ အကြောင်းရယ် မိတ်ကပ်ဖျက်ဆေးတွေထဲက micellar water အကြောင်းပြော ပြီးတော့ ယူမီ သုံးဖြစ်နေတဲ့ Miceller water အမျိူးအစားနှစ်ခု အကြောင်း review ဆက်ပြော ပါမယ်။
Garnier Micellar cleansing water (pink)
- acohol free, oil free, fragrance free ဖြစ်သလို all skin type အတွက်အဆင်ပြေတဲ့ အချက်လေး သဘောကျတယ်။
- cotton pad ထဲ ထည့်ပြီး အရမ်းပွတ်ဆွဲစရာမလိုပဲ အသာလေးဖျက်ရုံနဲ့ရတာ သဘောကျတယ်။
- eye,lip, face အကုန် အသုံးပြုနိုင်တာ သဘောကျတယ်။ သီးသန့်ခွဲသုံးစရာမလိုတော့ဘူး။
- သန့်စင်ပြီးချိန် လန်းဆန်းသလို ဖြစ်တဲ့ ခံစားချက်လေးရတယ် သူ့အနံ့လေးကြောင့်လည်းဖြစ်မယ်။
Garnier micellar oil-infused cleansing water
ယူယူက ဒါလေးကို ပန်းရောင်ထက် ပိုသဘောကျတယ်။ သူက waterproof makeup ကအစ သန့်စင်နိုင်သလို ပိုထိရောက်တယ် ခံစားရလို့ပါ။
Eyemakeup နဲ့ eye liner ဖျက်ရတာ သူကို သုံးရတာ ပိုသဘောကျတယ်။ daily makeup ကို မျက်နှာအနှံံ့သန့်စင်တာကျ ပန်းရောင်လေးနဲ့ ပိုအဆင်ပြေတယ်လို့ ခံစားရပါတယ်။
သူကတော့ argan oil လည်း ပါဝင်သလို Micellar water ကိုမှ oil ကို ရောစပ်ထုတ်ထားတာဖြစ်ပါတယ်။သူကိုလည်း all skintype သုံးပေးနိုင်ပြီး သုံးပြီးချိန်မှာ အဆီပြန်တာ စေးကပ်တာမရှိတာ ခံစားရတယ်။
ယူယူရဲ့ ဒီပို့စ်လေးကို ဖတ်ပြီးပြီဆိုရင် အရင်က မိတ်ကပ်မဖျက်မိရင်၊ မျက်နှာကို မျက်နှာသစ်နဲ့ တခါတည်း သစ်ပြီး ဖျက်နေတာတွေ ရပ်ပြီးတော့makeup remover နဲ့ cleansing ဖို့ မမေ့နဲ့နော် 😘
#yumie #unicornies#Garniermicellarwater
Subscribe to:
Post Comments (Atom)
All about skin types and how to care your skin
" အသားအရေ အမျိူးအစားများ အကြောင်း " မျက်နှာ အသားအရေရဲ့ ဖြစ်တည်မှူ့က အခြေခံအနေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစားတွေလဲ...
-
မှန်ကန်သော Bra Size ရွေးချယ်ဝယ်ယူနည်း ပျိုမေတို့ရေ နေ့စဉ်ဝတ်နေတဲ့ အတွင်းခံ အကျီင်္လေး ဆိုဒ်မမှန်ရင် ရင်သားက ပုံပျက်လာတာ မလှတာဖြစ်တတ်ပါတယ်။...
-
" အသားအရေ အမျိူးအစားများ အကြောင်း " မျက်နှာ အသားအရေရဲ့ ဖြစ်တည်မှူ့က အခြေခံအနေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစားတွေလဲ...
No comments:
Post a Comment