Saturday, December 2, 2017

ကို္​ယ္​့ခ်စ္​သူ​ေကာင္​​ေလးက တကယ္​ခ်စ္​ရဲ႕လား?


Unicode font
ကိုယ့်ချစ်သူက ကိုယ့်ကိုချစ်နေသလားဆိုတာ သိနိင်တဲ့ အချက်အလက်များ

- အလေးထားခြင်း

ကိုယ့်ရဲ့ ရပ်တည်နေတဲ့ ပတ်ဝန်းကျင်အလုပ် အပြင် ကိုယ်နဲ့ သက်ဆိုင်သမျှကို အလေးထား ဂရုစိုက်သလို အကြံပေးတတ်ခြင်း

- စောင့်ထိန်းနိုင်ခြင်း

ကိုယ့်ချစ်သူ မိန်းကလေးကို တခြားသူတွေ အထင်မသေးအောင် နေတတ်သလို ချစ်သူထက် စည်းမကျော်ပဲ စောင့်ထိန်းနိုင်ခြင်း

- တန်ဖိုးထားခြင်း

သူမရဲ့ သိက္ခာကို တန်ဖိုးထားသလို ကိုယ့်ကြောင့် မျက်နှာမငယ်ရစေခြင်း၊ ဒါ့အပြင် လူကြားထဲ မအော်တတ်သလို သူ့ရဲ့ မင်းသမီးလေးတဦးအဖြစ်ကို တန်ဖိုးထားတတ်တယ်။

- မာန မထားတတ်ခြင်း

ကောင်မလေးနဲ့ ပတ်သတ်ရင် မာန မထားတတ်သလို ကောင်မလေးကို ကိုယ်တိုင် ဖိနပ်ကအစ စီးပေးနိုင်တာ၊ ပြီးတော့ ကောင်မလေးကို အမြဲ ပြိုင်ဆိုင် မာနနဲ့ ပြောဆိုဆက်ဆံတာ မရှိခြင်း။

- တာဝန်ယူတတ်ခြင်း
အတူတူ အထုပ်တွေ သယ်ရရင်တောင် တယောက်တဝက်မဟုတ်ပဲ ကိုယ့်ကောင်မလေး ပင်ပန်းမှာ ဆိုးလို့ဆို သူပဲ တာဝန်ယူသယ်တတ်တာတို့၊ နောက်ပြီး ကောင်မလေးနဲ့ ပတ်သတ်တာဆို အလေးထား ဆောင်ရွက်ပေးတတ်ခြင်း။

- စေတနာထားခြင်း

ကိုယ့်ချစ်သူအတွက်ဆို ပိုက်ဆံအရမ်းမချမ်းသာတောင် သေချာပိုက်ဆံစုပြီး သူမ လိုချင်တဲ့ လိုအပ်တာလေးကို လက်ဆောင်အဖြစ် ပေးတတ်ခြင်း။ စေတနာရှိရင် ကိုယ်သုံးမယ့် အသုံးစရိတ်လျော့ပြီး ဝယ်ပေးလို့ရပါတယ် Anniversary present ဆိုရင် တနှစ်လောက်စုထားပြီး ပေးတာမျိူး လုပ်တာပေါ့။

- ရည်မှန်းချက်ထားခြင်း

သူမနဲ့ ဘယ်လိုအချိန်မှာ လက်ထပ်မှာ မိသားစုဘဝလေး ထူထောင်မယ်ဆို ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

- တခြားသူ စကားထက် သူမကို ယုံကြည်ခြင်း

ဘေးလူထက် ကိုယ့်ချစ်သူပြောတာကို အလေထားယုံကြည်တတ်တာ ဖြစ်ပါတယ်။

- သစ္စာရှိသလို ကွယ်ရာတောင်မဖောက်ပြန်တတ်ခြင်း

ချစ်သူတွေကြား သစ္စာရှိတယ်ဆိုတာချစ်ခြင်းရဲ့ အရေးကြီးဆုံး ဖြစ်ပါတယ်။

- မရိုင်းပြတတ်ခြင်း

ရန်ဖြစ်ရင်တောင် မိုက်ရိုင်းစွာ ပြောမထွက်တာလည်း ချစ်သူကို အရမ်းချစ်မှသာ ဖြစ်နိင်ပါတယ်။ လက်ပါတတ်တဲ့ ရိုင်းစွာ ပြောတဲ့ ချစ်သူဆိုတာ သင့်ကိုတကယ် မချစ်ပါဘူး။

#lifestyleblog
#Yumie

Zawgyi font

ကိုယ့္ခ်စ္သူက ကိုယ့္ကိုခ်စ္ေနသလားဆိုတာ သိနိင္တဲ့ အခ်က္အလက္မ်ား

- အေလးထားျခင္း

ကိုယ့္ရဲ႕ ရပ္တည္ေနတဲ့ ပတ္ဝန္းက်င္အလုပ္ အျပင္ ကိုယ္နဲ႕ သက္ဆိုင္သမွ်ကို အေလးထား ဂ႐ုစိုက္သလို အႀကံေပးတတ္ျခင္း

- ေစာင့္ထိန္းနိုင္ျခင္း

ကိုယ့္ခ်စ္သူ မိန္းကေလးကို တျခားသူေတြ အထင္မေသးေအာင္ ေနတတ္သလို ခ်စ္သူထက္ စည္းမေက်ာ္ပဲ ေစာင့္ထိန္းနိုင္ျခင္း

- တန္ဖိုးထားျခင္း

သူမရဲ႕ သိကၡာကို တန္ဖိုးထားသလို ကိုယ့္ေၾကာင့္ မ်က္ႏွာမငယ္ရေစျခင္း၊ ဒါ့အျပင္ လူၾကားထဲ မေအာ္တတ္သလို သူ႕ရဲ႕ မင္းသမီးေလးတဦးအျဖစ္ကို တန္ဖိုးထားတတ္တယ္။

- မာန မထားတတ္ျခင္း

ေကာင္မေလးနဲ႕ ပတ္သတ္ရင္ မာန မထားတတ္သလို ေကာင္မေလးကို ကိုယ္တိုင္ ဖိနပ္ကအစ စီးေပးနိုင္တာ၊ ၿပီးေတာ့ ေကာင္မေလးကို အၿမဲ ၿပိဳင္ဆိုင္ မာနနဲ႕ ေျပာဆိုဆက္ဆံတာ မရွိျခင္း။

- တာဝန္ယူတတ္ျခင္း
အတူတူ အထုပ္ေတြ သယ္ရရင္ေတာင္ တေယာက္တဝက္မဟုတ္ပဲ ကိုယ့္ေကာင္မေလး ပင္ပန္းမွာ ဆိုးလို႔ဆို သူပဲ တာဝန္ယူသယ္တတ္တာတို႔၊ ေနာက္ၿပီး ေကာင္မေလးနဲ႕ ပတ္သတ္တာဆို အေလးထား ေဆာင္႐ြက္ေပးတတ္ျခင္း။

- ေစတနာထားျခင္း

ကိုယ့္ခ်စ္သူအတြက္ဆို ပိုက္ဆံအရမ္းမခ်မ္းသာေတာင္ ေသခ်ာပိုက္ဆံစုၿပီး သူမ လိုခ်င္တဲ့ လိုအပ္တာေလးကို လက္ေဆာင္အျဖစ္ ေပးတတ္ျခင္း။ ေစတနာရွိရင္ ကိုယ္သုံးမယ့္ အသုံးစရိတ္ေလ်ာ့ၿပီး ဝယ္ေပးလို႔ရပါတယ္ Anniversary present ဆိုရင္ တႏွစ္ေလာက္စုထားၿပီး ေပးတာမ်ိဴး လုပ္တာေပါ့။

- ရည္မွန္းခ်က္ထားျခင္း

သူမနဲ႕ ဘယ္လိုအခ်ိန္မွာ လက္ထပ္မွာ မိသားစုဘဝေလး ထူေထာင္မယ္ဆို ရည္႐ြယ္ထားတာ ျဖစ္ပါတယ္။

- တျခားသူ စကားထက္ သူမကို ယုံၾကည္ျခင္း

ေဘးလူထက္ ကိုယ့္ခ်စ္သူေျပာတာကို အေလထားယုံၾကည္တတ္တာ ျဖစ္ပါတယ္။

- သစၥာရွိသလို ကြယ္ရာေတာင္မေဖာက္ျပန္တတ္ျခင္း

ခ်စ္သူေတြၾကား သစၥာရွိတယ္ဆိုတာခ်စ္ျခင္းရဲ႕ အေရးႀကီးဆုံး ျဖစ္ပါတယ္။

- မရိုင္းျပတတ္ျခင္း

ရန္ျဖစ္ရင္ေတာင္ မိုက္ရိုင္းစြာ ေျပာမထြက္တာလည္း ခ်စ္သူကို အရမ္းခ်စ္မွသာ ျဖစ္နိင္ပါတယ္။ လက္ပါတတ္တဲ့ ရိုင္းစြာ ေျပာတဲ့ ခ်စ္သူဆိုတာ သင့္ကိုတကယ္ မခ်စ္ပါဘူး။


#lifestyleblog
#Yumie


No comments:

Post a Comment

All about skin types and how to care your skin

" အသားအ​ရေ အမျိူးအစားများ အ​ကြောင်း " မျက်နှာ အသားအ​ရေရဲ့ ဖြစ်တည်မှူ့က အ​ခြေခံအ​နေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစား​တွေလဲ...