" အသားအရေ အမျိူးအစားများ အကြောင်း "
မျက်နှာ အသားအရေရဲ့ ဖြစ်တည်မှူ့က အခြေခံအနေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစားတွေလဲဆိုရင်တော့
- ပုံမှန်ကောင်းမွန်သော အသားအရေ
- အဆီပြန်သော အသားအရေ
- ခြောက်သွေ့သော အသားအရေ
- ပေါင်းစပ် အသားအရေ စသဖြင့် အခြေခံ ၄မျိူး ရှိပါတယ်။
တခြားသော ကွဲပြားတဲ့ အရေပြားပုံစံအရ
- နူးညံ့ပြီး ထိခိုက်လွယ်သော အသားအရေ
- ဝက်ခြံ ဖြစ်လွယ်သော အသားအရေ
- အစိုဓါတ်ကင်းမဲ့သော အသားအရေ စသဖြင့် ရှိပါတယ်။
ဘယ်လို ခွဲခြားသိနိုင်မလဲ?
>> ပုံမှန်အသားအရေ <<
အသားအရေက အဆီမပြန်သလို မခြောက်သွေ့နေပဲ စိုပြေပြီး အပြစ်အနာအဆာ မရှိဘူးဆိုရင် ပုံမှန် အသားအရေ ဖြစ်ပါတယ်။ အသားအရေ ပင်ကိုယ်ကောင်းမွန်သလို မတည့်တဲ့ skincare ရှားပါတယ်။
______________________
>> ခြောက်သွေ့သော အသားအရေ <<
မနက်ခင်း အိပ်ယာနှိူးချိန် skincare မလိမ်းထားရင် ကြမ်းနေသလို စိုပြေခြင်း မရှိ တချိူ့ အသားအရေဆိုပင် အက်ကွဲနေသလို မြင်ရပါတယ်။ ဒီလို ခြောက်သွေ့အက်ကွဲနေတဲ့ အသားအရေ မှာ dry skin ခြောက်သွေ့ အသားအရေ ဖြစ်ပါတယ်။
Dry skin အနေနဲ့ facial cleanser ဆိုရင် cream type, hydrating cleanser အမျိူးအစားသုံးသင့်ပြီး အစိုဓါတ်ဖြည့် ခရင် lotion ဆိုတာ နေ့စဥ် မဖြစ်မနေ သုံးပေးသင့်ပါတယ်။
______________________
>> အဆီပြန်လွန်းသော အသားအရေ <<
မျက်နှာ အသားအရေက အမြဲအဆီတွေ ပြန်နေသလို အဆီဖု ဝက်ခြံတခါတလေ ဖြစ်နေတတ်ပါတယ်။ အဆီပြန်တဲ့အခါ ပြောင်ဝင်းနေတာ မြင်ရတတ်ပါတယ်။ ဒီလိုအသားအရေ အမျိူးအစားကို oily skin အဆီပြန်လွန်းသော အသားအရေ အဖြစ် ခေါ်ဆိုသတ်မှတ်ပါတယ်။
အဆီပြန်လွန်းသော အသားအရေပိုင်ရှင်တွေက ရွံ့စေး မျက်နှာပေါင်းတင်ဆေး၊ oil control skincare များ၊ facial foam ကိုလည်း gel cleanser, oily skin အတွက်ထုတ်ထားတာ အများဆုံးသုံးသင့်ပါတယ်။ အဆီပြန်သူအနေနဲ့ ရေဓါတ်ဖြည့် water base gel moisturizer နှင့်သာ တင့်တော်ပြီး cream တွေဆိုရင် ပိုအဆီပြန်စေလို့ ရှောင်ရှားသင့်ပါတယ်။ oil control powder အဆီစုပ်စက္ကူ လည်း သုံးသင့်ပါတယ်။
_______________________
>> ပေါင်းစပ် အသားအရေ <<
T zone ဟု ခေါ်ဆိုတဲ့ နှာခေါင်း နဖူးနေရာ အဆီပြန်နေသော်လည်း U zone ဟုခေါ်ဆိုသော ပါးပြင် မေးစေ့ မျက်နှာပြင်အသားအရေ က ပုံမှန်ဖြစ်တည်နေတာဖြစ်စေ၊ ခြောက်သွေ့နေတာ ဖြစ်စေ ဖြစ်နေသော အသားအရေကို ပေါင်းစပ်အသားအရေ ဟု ခေါ်ဆိုပါတယ်။
ပေါင်းစပ်အသားအရေက combination skin အတွက် သီးသန့်ထုတ်တာ သုံးနိုင်သလို အဆီပြန် အသားအရေ အတ့က်ထုတ်တဲ့ ရေဓါတ်ဖြည့် Gel type skincare မျိူး သုံးပေးသင့်ပါတယ်။ ဂရုစိုက်ပြီး အတိအကျ skincare တတ်သူဆိုရင်တော့ Tzone ကို oil control သုံးပြီး U zone ကို သီးသန့် dry skin အတွက် ထုတ်တာ သုံးနိုင်ပါတယ်။ ဆားဝက်ခြံ အရမ်းဖြစ်တတ်လို့ အမြဲဂရုစိုက် နှာခေါင်းနားကို scrub ပွတ်ပြီး ဆားဝက်ခြံတွေ ထုတ်သင့်ပါတယ်။
________________________
>> အစိုဓါတ်ကင်းမဲ့သော အသားအရေ <<
Dehydrated skin ကလေ moisturizer ကို ရေဓါတ်ပါဝင်မှူ့နှူန်း များတာ သုံးပေးသင့်ပြီး dry skin အမျိူးအစားဖြစ်ပင်မယ့် အရမ်းလည်း မခြောက်သွေ့ပါ။ နေ့ခင်း အပူရှိန်နဲ့ အသားအရေက အဆီပြန်တတ်သလ်ု မြင်ရပင်မယ့် အိပ်ယာနှိူးချိန် ခြောက်သွေ့နေတတ်ပါတယ်။ ရေဓါတ် လိုအပ်တဲ့ အသားအရေ ဖြစ်လို့ water base skincare hydrating ကို အဓိက သုံးပေးသင့်ပါတယ်။ ဝက်ခြံ အဆီဖု ဖြစ်တာလည်း လုံးဝ မရှိပါ။
_________________________
>> ထိခိုက်လွယ်သော အသားအရေ <<
အသားအရေက dry skin ဖြစ်နိုင်သလို oily skin ဖြစ်နိုင်ပါတယ်။ ထူးခြားချက်က မတည့်တဲ့ အဆင်မပြေသော skincare တွေများပြီး မတည့်တဲ့အခါ break out တွေ ပြည်ဖုဝက်ခြံ ဖြစ်လာသလို နီမြန်းကြမ်းတမ်း တတ်ပါတယ်။
မျက်နှာသစ်ကအစ gentle cleanser သုံးသင့်သလို sensitive skin အတွက်သာ သီးသန့် ထုတ်တာတွေ သုံးပေးသင့်ပါတယ်။
_________________________
>> ဝက်ခြံ ဖြစ်လွယ်သော အသားအရေ <<
Ance-prone skin တွေက အများဆုံး အဆီပြန်တတ်သလို ပျောက်လိုက် ပြန်ဖြစ်လိုက်နှင့် ဝက်ခြံသံသရာ လည်နေပါတယ်။ အဆီဖု ဝက်ခြံ၊ ဝက်ခြံ စေ့ အဖုလေးများလည်း အလွယ် တကူဖြစ်သလို မကြာခဏ အကြောင်းအမျိူးမျိူးနှင့် break out တတ်ပါတယ်။
ဒီလို အသားအရေ ပိုင်ရှင်တွေကတော့ tea tree ၊ salicylic acid ၊ Benzoyl peroxide ပါဝင်သော skincare တွေ ရွေးချယ် သုံးသင့်ပါတယ်။ ance-prone skin ကိုမှ ထိခိူက်လွယ်ရင်တော့ ance အတွက် ထူတ်တဲ့ skincare တမျိူးကို sensitive skincare set နဲ့ တွဲသုံးပါ။ ဥပမာ ance spot gel သုံးခြင်း၊ မျက်နာသစ်ကို ance treatment ပါဝင်တာ သုံးခြင်း ဖြစ်ပါတယ်။
အထက်ပါ အသားအရေအမျိူးအစားထဲမှာ မိမိရဲ့ အသားအရေကို ဘယ်လိုမျိူးလဲဆိုတာ ခွဲခြားကြည့်ပြီး ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ skincare ကို ရွေးချယ်သင့်ပါတယ်။
Skincare reviews တချိူ့ကိုလည်း ယူမီ ပေ့စ်မှာ ဖတ်နိုင်သလို သိချင်တာရှိရင် မေးမြန်းနိုင်ပါတယ်နော် ♡
ရေးသားထားသော အလှအပအရေး အသားအရေနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေကတော့
☆ skincare အဆင့်ဆင့် အသုံးပြုနည်း
https://m.facebook.com/story.php?story_fbid=160966585305194&id=108612237207296
☆ ဝက်ခြံဖြစ်တာ ကုသနည်း challenge
https://m.facebook.com/story.php?story_fbid=155400402528479&id=108612237207296
☆ 30days brightening skincare challenge
https://m.facebook.com/story.php?story_fbid=141305890604597&id=108612237207296
☆ ချွေးပေါက်ကျယ်နေတာ ဘယ်လို ဖယ်ရှားမလဲ?
https://m.facebook.com/story.php?story_fbid=139624604106059&id=108612237207296
☆ ဝက်ခြံအကြောင်း သိကောင်းစရာ
https://m.facebook.com/story.php?story_fbid=139264494142070&id=108612237207296
တခြား အလှကုန် review တွေနှင့် makeup tutorial လေးတွေ ပေ့စ်မှာ တင်ထားပေးပါတယ်။
လှသထက် လှကြပါစေရှင်
#yumie #skincaretypes #howtocareyourskin
Wednesday, December 25, 2019
Subscribe to:
Posts (Atom)
All about skin types and how to care your skin
" အသားအရေ အမျိူးအစားများ အကြောင်း " မျက်နှာ အသားအရေရဲ့ ဖြစ်တည်မှူ့က အခြေခံအနေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစားတွေလဲ...

-
မှန်ကန်သော Bra Size ရွေးချယ်ဝယ်ယူနည်း ပျိုမေတို့ရေ နေ့စဉ်ဝတ်နေတဲ့ အတွင်းခံ အကျီင်္လေး ဆိုဒ်မမှန်ရင် ရင်သားက ပုံပျက်လာတာ မလှတာဖြစ်တတ်ပါတယ်။...
-
" အသားအရေ အမျိူးအစားများ အကြောင်း " မျက်နှာ အသားအရေရဲ့ ဖြစ်တည်မှူ့က အခြေခံအနေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစားတွေလဲ...