Tuesday, October 2, 2018

All about skincare products

" Skincare products များအကြောင်းသိကောင်းစရာ "

ယနေ့ခေတ်မှာ skincare brand တွေ အများကြီးရှိသလို မတူညီတဲ့ အမျိုးအစားတွေ များစွာရှိပါတယ်။ ဒီထဲကမှ အဓိကကွဲပြားနေတဲ့ အခြေခံ အမျိုးအစား ၇မျိုးအကြောင်းနဲ့ အသုံးပြုနည်း၊ ဘယ်လို ရွေးချယ်ရမလဲဆိုတာကို ရှင်းပြပာမယ်။

အခြေခံအနေနဲ့ skincare products တွေပတော့

🌸 Facial cleanser
🌸 Toner
🌸 Exfoliant
🌸 essence, serum, booster, empoule
🌸 Moisturizer
🌸 Mist, Rose floral water, finishers
🌸 Treatment Facemasks
🌸 eye cream & night cream or sleeping masks

စသည်တို့ဖြစ်ပြီး တခုစီရဲ့ အကြောင်းကို သက်ဆိုင်ရာပုံတစီရဲ့ အောက်မှာ ရေးသားထားပါတယ်။

"Facial Cleanser အကြောင်းသိကောင်းစရာ"

အဓိက လုပ်ဆောင်ချက်

- မျက်နှာ အရေပြားက အညစ်အကြေးများကို သန့်စင်ပေးခြင်း

မေးမြန်းလေ့ရှိသော အကြောင်းအရာ

Shower ကို မျက်နှာသစ်လို့ရသလား?

အရေပြားက body နဲ့ facial တည်ဆောက်ထားပုံ မတူညီသလို မျက်နှာအသားအရေက နူးညံ့လို့ မျက်နှာသစ်ကိုသာ သုံးပေးတာ စိတ်ချရပါတယ်။

မျက်နှာသစ် အမျိုးအစားများ

1. Foam cleanser or mousse cleanser

အမြုပ်နဲ့ မျက်နှာသန့်စင်ရည်အမျိုးအစား ဖြစ်ပြီး Light-weight cleanser လည်းဖြစ်ပါတယ်။

ဘယ်လိုအသားအရေအတွက် သင့်တော်လဲ?
oily & combination skin အတွက် သင့်တော်ဆုံးဖြစ်ပါတယ်။

2. Oil cleanser

Oil cleanser က အသားအရေတိုင်းအတွက် ဆိုပင်မယ့် အဆီပြန်သူနဲ့ အဆီဖု ဖြစ်တတ်သူက အဆင်မပြေတာ ကြုံရတတ်ပါတယ်။ makeup တွေကအစ အလွယ်တကူ သန့်စင်နိုင်ပြီး အသားအရေကို မခြောက်သွေ့စေပါ။

3. Powder cleanser

Powder အမှူန့် အမျိုးအစား မျက်နှာသစ်ဖြစ်ပြီးတော့ သုံးတဲ့အခါကျ ရေနဲ့ရောလိုက်ရင် အမြုပ်ထွက်လာပါတယ်။

ဘယ်လိုအသားအရေအတွက် အဆင်ပြေလဲဆိုရင် sensitive skin & oily skin အတွက် သင့်တော်ပါတယ်။

4. Bar Cleanser

မျက်နှာသစ် ဆပ်ပြာအတုံး အမျိုးအစားဖြစ်ပြီး အများအားဖြင့် all skin type ထုတ်ထားပါတယ်။ မျက်နှာသစ်ဆပ်ပြာတုံးက ဟိုအရင်တည်းက ပေါ်ထားသလို ခုခေတ်မှာလည်းရှိနေပင်မယ့် ဆပ်ပြာတုံးရဲ့ အားနည်းချက်က ပတ်ဝန်းကျင်က ပိုးမွှားသက်ရောင်မှူ့ များသလို ဆပ်ပြာခွက်ထဲ ထားပင်မယ့် ရေအစိုဓာတ်ကြောင့် မှိုလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မျက်နှာမှာ ဝက်ခြံဖြစ်တာ break ou တာတို့ ဖြစ်နိုင်ပါတယ်။

5. Gel cleanser

Gel type အမျိုးအစားမျက်နှာသစ်က နူးညံ့သလို အေးမြပါတယ်။ အဆီဓာတ်ကိုလည်း စုပ်ယူပေးသလို အဆီပြန်သူတွေ အဆင်ပြေတယ်။

အသားအရေအမျိုးအစား oily & combination skin အတွက် သင့်တော်ပါတယ်။

6. Cream cleanser

Cream အမျိုးအစားဖြစ်သလို moisture ပါဝင်မှူ့လည်းများပါတယ်။

အသားအရေခြောက်သွေ့သူနဲ့ sensitive skin တွေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

7. Miscellar cleanser

Miscellar cleanser water တွေကို မိတ်ကပ်ဖျက်တဲ့နေရာမှာ အသုံးပြုပြီး ရေထပ်ဆေးချစရာမလိုပါဘူး။ မြန်မာနိုင်မှာဆိုရင်လည်း သနပ်ခါးကို မျက်နှာသစ်ဆေးနဲ့ မသစ်ဖြစ်သေးရင် ဖျက်ပေးလို့ရပါတယ်။

Skin အမျိုးအစားက အတော်များများအဆင်ပြေသလို သီးခြား oily အတွက် dry အတွက် ထုတ်တာဆိုရင်တော့ ကိုယ်အသားအရေအလိုက်ဝယ်ပါ။

8. Cleansing wipes, cleansing cloths, mitts and sponges

မျက်နှာသန့်စင်တဲ့ နေရာအသုံးပြုတဲ့ ပစ္စည်းတွေဖြစ်ပြီး ခရီးသွားချိန် ဖြစ်စေ တခာတလေ အလွယ်တကူသုံးဖို့ အဆင်ပြေပါတယ်။

Wet tissue လို မိတ်ကပ် remover ဆိုရင်လည်း မျက်နှာသစ်မသုံးဖြစ်ရင် အသုံးပြုသန့်စင်ထားလို့ရပါတယ်။

Skin အမျိုးအစားအကုန် အဆင်ပြေပင်မယ့် အမြဲတမ်းအသုံးပြုဖို့ အဆင်မပြေ ပါ။

9. Clay cleanser

Clay ကို အခြေခံထုတ်ထားပြီး အဆီစုပ်ယူအားကောင်းသလို deep cleansing လုပ်ဆောင်ပေးနိုင်ပါတယ်။

အသားအရေအမျိုးအစားက oily & combination skin အတွက် သင့်တော်ပါတယ်။

တခြား လုပ်ဆောင်ချက် အလိုက် cleanser အမျိုးအစားများကို အောက်က စာသားများအရ ခွဲခြား ရွေးချယ်နိုင်ပါတယ်။

- Wrinkle, anti-aging - အရေအကြောင်းနဲ့ အသားအရေတင်းရင်းစေရန်

- Dark spot removing, whitening - အမဲစက်ပျောက် အသားဖြူစေရန်

- Ance, break out, ance-prone - ဝက်ခြံ ဖြစ်တာ သက်သာစေခြင်း

- oil-control အဆီပြန်သက်သာစေခြင်း

- moisturing အစိုဓာတ်ဖြည့်ပေးခြင်း

- makeup removing မိတ်ကပ်များ သန့်စင်ပေးနိုင်ခြင်း

- deep cleansing အသားအရေကိုအတွင်းပိုင်းထိ သန့်စင်နိုင်ခြင်း

- pore tightening ချွေးပေါက်ကို ကျဉ်းစေနိုင်ခြင်း

- smoothing အသားအရေချောမွေ့စေခြင်း

ကိုယ့်ရဲ့ အသားအရေပြသနာနဲ့ လိုအပ်ချက်အလိုက် မျက်နှာသစ်ကို ရွေးချယ်နိုင်ပါတယ်။

Toner အကြောင်း သိကောင်းစရာ

အမျိုးအစား
- Water base ရေဓာတ်အခြေခံတဲ့ Toner အများဆုံး ရှိပြီးတော့ တခြား Lotion type နဲ့ Gel type toner လည်း ရှိပါတယ်။

အဓိက လုပ်ဆောင်ချက်
- မျက်နှာသန့်စင်ပြီး တခါတလေ ကျန်ရစ်တဲ့ အညစ်အကြေးတွေ သန့်စင်ပေးနိုင်ခြင်း နှင့် အသားအရေအတွက် pH balanceကို ပြန်လည်ဖြည့်ပေးနိုင်ခြင်း
- အသားအရေကို ပြန်လည်လန်းဆန်းစေခြင်း

တခြားလုပ်ဆောင်ချက်များ

Anti-aging or wrinkle toner
- အသားအရေကို အရွယ်တင်နုပျိုစေတဲ့ skincare effect ပါဝင်ပြီး toner benefit အပြင် အသားအရေတင်းရင်းတဲ့ အကျိုးသက်ရောက်မှူ့ရရှိပါမယ်။

Skin whitening toner
- အသားအရေကို ဖြူဝင်းစေတဲ့ အကျိုးသက်ရောက်မှူ့ပါ ပါဝင်ခြင်း

Pore-tightening toner
- ချွေးပေါက်ကျယ်တာကို ပြန်လည်ကျဉ်းပေးစေတဲ့ သက်ရောက်မှူ့ပါဝင်ခြင်း

Tea tree toner or ance-prone skin toners

- ဝက်ခြံသမားအတွက် ဝက်ခြံဖြစ်တဲ့ ဘတ်တီးရီယားတွေကို ရှင်းလင်းပေးတဲ့ သက်ရောက်မှူ့ကို ပေးစွမ်းခြင်း

Toner ကိုမှ တခြား skincare effect ကို ထပ်မံပါဝင်ပြီး ကွဲပြားစွာ တံဆိပ်အမျိုးမျိုးက ထုတ်ထားတာဖြစ်လို့ ကိုယ်လိုချင်တဲ့ အကျိုးသက်ရောက်မှူ့ကို မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။

Toner Lotion ကတော့ နို့ရည်လို့ ခေါ်ကြပြီး အသက်၃၀အထက်နဲ့ အသားအရေ ခြောက်သွေ့သူတွေ အသုံးပြုသင့်ပါတယ်။

Toner ကို အသားအရေ အလိုက်ခွဲခြားထားရင်

Dry skin ( ခြောက်သွေ့သော အသားအရေအတွက်) 
Oily skin ( အဆီပြန်တဲ့အသားအရေအတွက်) 
Sensitive skin ( နူးညံ့ပြီး ထိခိုက်လွယ်သော အသားအရေအတွက်)
Ance-prone skin ( ဝက်ခြံဖြစ်တဲ့ အသားအရေအတွက်) 
Combination skin ( ပေါင်းစပ်အသားအရေအတွက်) 

ဆို ခွဲခြားထားရင် အထက်က ပြောထားသလို ကိုယ့်အသားအရေအလိုက် ရွေးချယ်ပါ။

အမေးများသော အကြောင်းအရာများ

- Toner တခုပဲ သုံးရင် ချွေးပေါက်ကျဉ်းမလား?

Toner မှာ pore-tightening အကျိုးသက်ရောက်မှူ့ပါရင်တော့ သူ့တမျိုးတည်းက လိုအပ်တဲ့ စွမ်းဆောင်မှူ့ကို အတော်အသင့်သာ ပေးစွမ်းနိုင်လို့ သက်ရောက်မှူ့ကို အချိန်ကြာကြာစောင့်ရပါမယ်။ တခြား skincare serum or booster ကဲ့သို့ အရာတွေက ပိုပြီး သက်ရောက်အားကောင်းပါတယ်။

- မျက်နှာသေချာသန့်စင်ရင် တိုနာ မသုံးပဲ နေလို့ရလား?

ဒီအချက် က ရပင်မယ့် အသားအရေက မျက်နှာသစ်ပြီး ဆုံးရှူံးတဲ့ Ph balance ကို ညှိပေးဖို့် toner က လိုအပ်ပါတယ်။

- Beauty Water, Tonic water အစရှိတာက toner ပဲလား?

Toner အမျိုးအစားဖြစ်ပြီး skincare effect ထပ်ပြီး ပါဝင်ပါတယ်။

တခြားအခေါ်အဝေါ်ဆိုရင် 
Astringent, Refresher စသဖြင့်သုံးနှူန်းပါတယ်။



Exfoliation products

Exfoliation လုပ်ခြင်းက အရေပြားက အပေါ်ယံ အလွှာ ၄လွှာရှိပြီး အမြဲတမ်း အပေါ်ဆုံးအလွှာက လဲလှယ်တဲ့အခါ ဆဲလ်သေဖြစ်သွားပါတယ်။ အရေပြားပေါ်က ဆဲသေလ်တွေကို မဖယ်ရှားရင် နေရောင်ခြည်ဒဏ် ဖုန်လေထုက အညစ်အကြေးနဲ့ ပေါင်းစည်းပြီး ဝက်ခြံ တင်းတိတ် စတဲ့ အရေပြား ရောဂါတချို့ ဖြစ်လာစေပါတယ်။

Exfoliation cleanser
နေ့စဉ်သုံးမျက်နှာသစ်မှာ exfoliation scrub အမှူန်လေးတွေ ပါဝင်တဲ့ အမျိုးအစားဖြစ်ပါတယ်။

Peeling
အရေပြားကို peeling treatment လုပ်ဆောင်ပေးတဲ့ ထုတ်ကုန်တွေက exfoliation အမျိုးအစား တခုဖြစ်ပါတယ်။

Daily scrub & weekly scrub

နေ့စဉ်သုံးနိုင်တဲ့ facial scrub ရှိသလို အပတ်စဉ် ပဲ လုပ်ပေးစရာလိုအပ်တဲ့ scrub အမျိုးအစား တွေ အသုံးပြုပြီးလည်း exfoliation ကို လုပ်ဆောင်နိုင်ပါတယ်။

Cleansing brush exfoliator

မျက်နှာသစ် brush အမျိုးအစား exfoliator လေးတွေ အသုံးပြုပြီးလည်း exfoliation လုပ်ဆောင်နိုင်ပါတယ်။

Liquid exfoliation

Liquid type daily exfoliant လေးတွေကို toner ကဲ့သို့ အသုံးပြုပြီးလည်း exfoliation ကို လုပ်ဆောင်နိုင်ပါတယ်။

Exfoliation pads မျက်နှာကိုအသာလေး ပွတ်ပေးရတာလေးတွေကိုလည်း သုံးနိုင်ပါတယ်။

အထက်ပါ အမျိုးအစားတွေကတော့ exfoliation လုပ်ဆောင်ပေးတဲ့ အခြေခံ ကွဲပြားတဲ့ အမျိုးအစားများဖြစ်ပါတယ်။

တခြားကတော့ ကိုယ့်အသားအရေအလိုက်

ဝက်ခြံသက်သာချင်ရင် ance series or BHA liquid exfoliant နဲ့ တခြား ဝက်ခြံအတွက် ထုတ်တဲ့ Facial scrub အမျိုးအစားများသုံးနိုင်ပါတယ်။

အသားအရေကို တင်းရင်းချင်သူက အရွယ်အလိုက် anti-aging benefit ပါဝင်တဲ့ exfoliation သုံးနိုင်သလို တင်းတိတ်အမဲစက်ရှိသူကလည်း အမဲစက်တို့ သက်သာလျော့နည်းစေတဲ့ အမျိုးအစားကို ရွေးပါ။

တချို့ Toner မှာ Exfoliation ပါဝင်ရင် ထပ်သုံးစရာမလိုပါဘူး။

နောက်ပြီးတော့ Exfoliation အမျိးအစားအတော်များများက all skin types ထုတ်ထားတော့ ဘယ်လိုအသားအရေအတွက် ဆို ရွေးရမယ့်အလုပ်မရှူပ်ပါဘူး။သီးသန့် sensitive, oily, dry စသဖြင့်ခွဲထားတာတွေလည်းရှိပါတယ်။

အရေးကြီးတာလေး ပြောချင်တာကတော့ ကိုယ့်အသားအရေအတွက် skincare routine မှာ exfoliation ကို မဖြစ်မနေ ပါဝင်ရပါမယ်ဆိုတာ ဖြစ်ပါတယ်။

"Serum, essence, booster, ampoules အကြောင်းသိကောင်းစရာ"

အထက်ပါ အသားအရေထိန်းပစ္စည်းတွေက skincare routine မှာတော့ treatment ပိုင်းအနေနဲ့ ပါဝင်တဲ့ အမျိုးအစားဖြစ်သလို သက်ရောက်အားကောင်းပါတယ်။

Booster ကတော့ support ပေးတယ်ဆိုရင်မမှားသလို နောက်ထပ်လိမ်းမယ့် skincare ဖြစ်တဲ့ serum or essence စတာတွေရဲ့ effective ကို ပိုသက်ရောက်မှူ့ကောင်းစေရန်အထောက်အကူပြုပါတယ်။

Essence & serum က အတူတူလို့လည်း ပြောနိုင်ပါတယ်။ essence ကတော့ serum ထက် ပျော့ပြီး korean woman ကြားရေပန်းစားပါတယ်။ အနောက်တိုင်းကတော့ serum ကို ရွေးချယ်တာ များပါတယ်။

Essence က တိုနာကဲ့သို့ အရည်ကျဲကျဲလေး ဖြစ်တော့ အဆီပြန်တတ်သူဆို အဆင်ပြေတယ်။

Essence မှာလည်း whitening ( ဖြူဝင်းစေရန်)၊ pore tightening (ချွေးပေါက်ကျဉ်းစေရန်)၊ antiaging (အရေအကြောင်းလျော့နည်းရန်)၊ skin repair ( အရေပြားပြုပြင်ပေးခြင်း) စသဖြင့် အမျိုးအစားလေးတွေ ရှိပါတယ်။

Booster သုံးပြီးချိန်မှာ serum or essence သုံးနိုင်ပါတယ်။ booster မသုံးသူကတော့ Toner အသုံးပြုပြီး exfoliant ကြားထဲသုံးသူဆို ထိုအဆင့်ပြီးရင် သုံးနိုင်ပါတယ်။

Serum ကျတော့ gel type, oil type စသဖြင့် ရှိပြီး အထက်က essence ကဲ့သို့ပဲ အမျိုးအစားတွေရှိပါတယ်။
Essence ထက် သက်ရောက်မှူ့ ပိုပြင်းသလို effective ပိုများပါတယ်။

Ampoule က သက်ရောက်အား အပြင်းဆုံးဖြစ်ပြီးတော့ အသက်ကြီးပိုင်း antiaging အတွက်ဆို serum or essence ထက် antiaging ampoule က ပိုပြီး သက်ရောက်မှူ့များပါတယ်။ brightening ampoule, skin repair ampoule လည်းရှိသလို serum တို့ထက် ပိုပြစ်ပြီး ဘူးအလုံပိတ်နဲ့ ရှိတာများသလို အနည်းငယ်သာ အသုံးပြုရန်လိုအပ်ပါတယ်။

Essence, serum, ampoule ကို ၃မျိုးထဲက တမျိုးသာ ကိုယ့် skincare routine step ထဲ ထည့်သွင်း သုံးရန်လိုအပ်ပါတယ်။

Daily skincare routine မှာ night time skincare အသုံးပြုချိန်မှာ ဒီလို treatment skincare product လေးတွေ ထည့်သွင်းဖို့ လိုအပ်ပါတယ်။


"Moisturizer များအကြောင်း သိကောင်းစရာ"

အသားအရေတိုင်းက အစိုဓာတ်ရှိဖို့လိုအပ်သလို မည့်သည့်အသားအရေမဆို အစိုဓာတ်ထိန်းတဲ့ moisturizer ကို လိမ်းပေးသင့်ပါတယ်။

Moisturizer များကတော့

Cream
Lotion
Gel
Liquid
Oil

စသဖြင့်ရှိပါတယ်။

အသားအရေအလိုက်ပြောရရင်

Cream type & oil ကတော့

Dry skin အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

Lotion & liquid moisturizer ကတော့ normal skin အဆင်ပြေပြီးတော့ Gel type ကတော့ အဆီပြန်အသားအရေအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။

အသားအရေအလိုက်ဆိုရင်

ဝက်ခြံဖြစ်တတ်တဲ့ အသားအရေဆိုရင်တော့ tea tree, BHA, salicylic acid စသဖြင့် ပါတာဖြစ်စေ anceprone skin အတွက်ထုတ်တာကို ရွေးသင့်ပါတယ်။

Tone up cream ဆိုတာကလည်း moisturizer ဖြစ်ပြီး သူကတော့ အသားအရေကိုပါ Cc cream ကဲ့သို့ ကြည်လင်ဝင်းပစေပါတယ်။ သူက ဘယ်လိုအသားအရေဖြစ်ဖြစ် အဆင်ပြေပင်မယ့် sensitive skin, oily skin က တခါတလေ အဆင်မပြေနိုင်ပါ။

နောက်တချက်က အသက်၃၀အထက်ဆိုရင် moisturizer ကို antiaging အတွက် အကျိုးသက်ရောက်နိုင်တဲ့ collagen, antioxidant,AHAs, petrolatum စသဖြင့် ပါဝက်တာတွေ ရွေးပါ။
Antiaging moisturizer ဆို ရေးထားတာ ကိုမှ ကိုယ့်အသားအရေအလိုက်ရွေးနိုင်ပါတယ်။ အသက်၃၀အထက်ဆို အရေပြားအစိုဓာတ်က ငယ်ရွယ်စဉ်ထက် လျော့နည်းလို့ ပိုဂရုစိုက်သုံးသင့်ပါတယ်။

Hyaluronic acid ပါတဲ့ moisturizer တွေက အဆီပြန်တဲ့သူလည်း အဆင်ပြေပါတယ်။ ဒါအပြင် အဆီအရမ်းပြန်သူက waterbase ကို ရွေးတာ အသင့်တော်ဆုံးဖြစ်ပါတယ်။

အမဲစက် မဲ့ခြောက်တင်းတိတ် ရှိသူဆိုရင် vitamin B3,C, AHA, စသဖြင့်ပါဝင်တဲ့ product တွေရွေးနိုင်သလို melasma skin အတွက် ထုတ်ထားတဲ့ moisturizer ရွေးပါ။

Oil ဆိုရင်တော့ နာမည်ကြီးတာ jojoba oil, argan oil, avocado oil, maracuja oil စသဖြင့် သုံးနိုင်ပြီး dry skin နဲ့ normal skin ပိုအဆင်ပြေပါတယ်။

Combination skin နဖူးနဲ့ နှာခေါင်းသာ အဆီပြန်တာလား?  ပါးနေရာမှည အဆီပြန်တာလားပေါ်မူတည် ရွေးရင်ပိုအဆင်ပြေပါတယ်။ မသိရင်တော့ gel type waterbase ပဲ သုံးလိုက်ပါ။

Korea skincare routine မှာပါဝင်တဲ့ emulsion ကတော့ moisturizer အမျိုးအစားထဲကဖြစ်ပြီး အဆီပြန်တတ်သူဆို မလိုအပ်ပါဘူး။ moisturizer ပဲ သုံးရင်အဆင်ပြေပါတယ်။

Moisturizer အကြောင်းလည်း သိပြီဆိုတော့ ကိုယ့် daily skincare routine ရဲ့ နောက်ဆုံးအဆင့်မှာ လိမ်းဖို့ မမေ့နဲ့နော်။



Mist, rose water, skin finisher အကြောင်းသိကောင်းစရာ

အထက်ပါ အမျိုးအစားတွေက spray type ပုံစံရှိကြပြီးတော့ အလွယ်တကူ နောက်ဆုံးအဆင့် skincare လိမ်းပြီးဖြန်းနိုင်သလို gym ဆော့တဲ့သူဆို တခြား skincare မလိမ်းပဲ တမျိုးတည်း ဖြန်းထားနိုင်ပါတယ်။

Effective ကတော့ အမျိုးအစားအလိုက် ရွေးချယ်နိုင်ပြီး အဆီအဏမ်းပြန်တတ်သူက mattifying ဖြစ်စေတာမျိုး ရွေးချယ်ပါ။

Mist & rose water ကဲ့သို့ floral water တွေက toner အစားလည်း အသုံးပြုနိုင်သလို ရေဓာတ်ကို ဖြည့်ပေးနိုင်ပါတယ်။


"Treatment mask အမျိုးအစားများအကြောင်းသိကောင်းစရာ"

Mask တွေမှာတော့

Clay mask
Organic natural mask
Gel mask
Cream masks
Rubber masks
Sheet mask

Clay mask တွေက အဓိကအနေနဲ့ အဆီပြန်တဲ့ အသားအရေအတွက် သင့်တော်သလို အဆီဖု ဝက်ခြံဖြစ်တတ်သူတွေ အဆင်ပြေပါတယ်။ clay ရွံ့စေးက အဆီကို စုပ်ယူပေးလို့ အသားအရမ်းခြောက်သူကျ အဆင်မပြေနိုင်ပါဘူး။

ဘယ်လိုအသုံးပြုနိုင်လဲ ဘယ်နှစ်ရက်ခြားလဲဆိုတာကို ဘူးမှာ ညွန်တဲ့ အညွန်းအတိုင်း အသုံးပြုတာ အသင့်တော်ဆုံးဖြစ်ပါတယ်။

natural mask

ဒီ mask အမျိုးအစားက သဘာဝကပေးစွမ်းတဲ့ အသားအရေအတွက် အကျိုးပြုစေတဲ့ အသီးအနှံ့အပင်စတာတွေကနေ ဖော်စပ်ထားတဲ့ အမျိုးအစားဖြစ်ပြီး chemical acid မသုံးထားပါဘူး။ အသားအရေအမျိုးအစား ပါဝင်တဲ့ ပစ္စည်းအရတော့ effective တွေ မတူညီပါဘူး။

ဘယ်လိုအသုံးပြုနိုင်လဲ ဘယ်နှစ်ရက်ခြားလဲဆိုတာကို ဘူးမှာ သူ့ brand အရ သူတို့ ညွန်တဲ့ အညွန်းအတိုင်း အသုံးပြုတာ အသင့်တော်ဆုံးဖြစ်ပါတယ်။

ဥပမာပြောရရင် - ယူမီ ထုတ်ထားတဲ့ Arizona Beauty Collection က coffee facemask က natural mask အမျိုးအစား ဖြစ်ပါတယ်။

Gel mask

Gel mask က gel type ဖြစ်ပြီး အေးမြတဲ့ အထိအတွေ့နဲ့ mask အမျိုးအစားဖြစ်သလို all skin type သုံးလို့ အဆင်ပြေပါတယ်။

Cream mask

Cream mask အမျိုးအစားကတော့
Dry skin အတွက် အသင့်တော်ဆုံးဖြစ်ပြီး oily skin အတွက် မသင့်တော်ပါ။

ဥပမာပြောရရင် Estée Lauder Resilience Lift Extreme Ultra Firming Mask  က cream mask အမျိုးအစားဖြစ်ပါတယ်။

Rubber mask

ဒီအမျိုးအစားက all skin type ထွက်သလို သူ့ brand အလိုက် ကွဲ ပြားပြီး အသားအရေကို မူတည်ထုတ်ထားပါတယ်။ firming treatment, whitening treatment အတွက် ထုတ်တာ တွေ့ရတာများပါတယ်။

အထက်ပါ gel mask, cream mask,rubber mask တွေကလည်း
 ဘယ်လိုအသုံးပြုနိုင်လဲ ဘယ်နှစ်ရက်ခြားလဲဆိုတာကို ဘူးမှာ သူ့ brand အရ သူတို့ ညွန်တဲ့ အညွန်းအတိုင်း အသုံးပြုတာ အသင့်တော်ဆုံးဖြစ်ပါတယ်။

Sheet mask

Sheet mask ကတော့ korea မှာ သိပ်ခေတ်စားတဲ့ mask အမျိုးအစားဖြစ်ပြီး essence sheet mask အပျော့စားဆိုရင် daily အသုံးပြုနိုင်ပါတယ်။

Ingreldient list အရရော treatment mask အနေနဲ့ တပတ်တခါသုံးရတာကတော့ daily မသုံးသင့်ပါဘူး။

Daily သုံးတာဆိုရင်လည်း တနေ့ကို တကြိမ်သာ အသုံးပြုသင့်သလို သုံးပြီးသား sheetmask ကို ပြန်ထည့်နောက်တကြိမ်မသုံးသင့်ပါဘူး။

အဆီအရမ်းပြန်တတ်သူဆိုရင် korean skincare routine ကလို sheet mask သုံးပြီး ရင် moisture လိမ်းတာ အဆင်မပြေလို့ sheet mask ကို သီးသန့်သုံးပြီး ခွာပြီးရင် မိနစ်ထား ၃၀လောက် မျက်နှာကို ဒီတိုင်းထားပြီး ရေနဲ့ အသာလေး ဆေးချပြီး နောက် step by step skincare လိမ်းတာ ပိုအဆင်ပြေပါတယ်။

ကိုယ့်ရဲ့ အသားအရေကို ဂရုစိုက်သူက မျက်နှာအသားအရေပေါင်းတင်တဲ့ ကိစ္စကို ချန်မထားသင့်ပဲ ဂရုစိုက်ဖို့ မမေ့သင့်ပါဘူး။


Eye treatments

Eye treament skincare တွေမှာ gel type & cream type ဆိုပြီး ရှိပါတယ်။

Gel type ကတော့ oily skin အဆင်ပြေပြီး cream ကတော့ dry skin အဆင်ပြေပါတယ်။

Combination & Normal skin နှစ်မျိုးထဲ က ဘယ်လိုဖြစ်ဖြစ် ရွေးလို့ရပါတယ်။ ကိုယ့် skincare routine ထဲ လိမ်းတဲ့ moisturizer နဲ့ အမျိုးအစားတူဖို့လိုအပ်ပါတယ်။

မျက်လုံးအိတ်ဖောင်းတတ်သူကတော့ antiaging eye cream ကိုမှ သံလုံးလေး ပါဝင်တဲ့ ဖိပြီးလိမ်းတဲ့ အမျိုးအစားကို ရွေးသင့်ပါတယ်။

ငယ်ရွယ်သူဆိုရင် antiaging ထက် eyecream ကို whitening ဘက် သုံးပေးနိုင်ပါတယ်။

Eye cream ကို ကိုယ်သဘောကျတာက အထက်ကပြောသလို သံလုံးပုံစံ applicator မပါရင် eye cream လိမ်းတဲ့ applicator လေးတွေ ရောင်းတာရှိလို့ ဝယ်ပြီး သုံးနိုင်ပါတယ်။

နောက်တချက်က မျက်အိတ်ဖောင်းတာ မဖြစ်သူဆိုရင် ကိုယ်သုံးနေတဲ့ moisturizer က antiwrinkle အမျိုးအစားဆိုရင်တော့ ထပ်မဝယ်ပဲ အာ့ဒီ moisturing cream ကိုပဲ မျက်လုံးအောက်နားလေးရော လိမ်းလိုက်ပါ။

Eye mask လေးတွေ မျက်လုံးနား တပတ်တခါ အသုံးပြုပေးတာဖြစ်စေ၊ antiwrinkle mask ကို မျက်လုံးအောက်နား ပါ မျက်နှာပေါင်းတင်ရင် သုံးတာ ဖြစ်စေ အသုံးပြုပြီးလည်း ဂရုစိုက်နိုင်ပါတယ်။

Night cream or sleeping mask

အစရှိတဲ့ Night cream or sleeping mask ကိုတော့ ညဘက် skincare အနေနဲ့သာ အသုံးပြုနိုင်ပြီး moisturizer ထပ်လိမ်းစရာမလိုပါဘူး။ moisturizer လိမ်းသူကလည်း အစရှိတာ ထပ်စရာမလိုပါ။

Antiaging, whitening, skin repair စသဖြင့် အမျိုးအစားများစွာရှိသလို အသားအရေအလိုက် ထုတ်ထားလို့ ကိုယ်အသားအရေအတိုင်း အထက်က ရှင်းပြထားတဲ့ တခြား skincare တွေကဲ့သို့ ရွေးနိုင်ပါတယ်။

Moisturizer ကိုမှ အစိုဓာတ်အပြင်အထက် ပြောတဲ့ အကျိုးသက်ရောက်မှူ့တွေပါရင်တော့ night cream or sleeping mask မသုံးပဲ moisturizer ကိုသာနောက်ဆုံးအဆင့်အနေနဲ့ လိမ်းနိုင်ပါတယ်။

အမျိုးအစားတွေရဲ့ အကြောင်းသိပြီးပြီဆိုတော့

Skincare products တွေကို ဘယ်လို အသုံးပြုမလဲ? ✍

❤ skincare product က ကိုယ်အသားအရေနဲ ကိုက်ညီနေရပါမယ်။
❤ ကိုယ်လိုချင်တဲ့ target ကို ရစေဖို့ လိုအပ်တဲ့ အချက်ကို ဖြည့်ဆည်းနိုင်တဲ့ အမျိုးအစားဖြစ်ရမယ်။
❤ အခြေခံ skincare product တခုရဲ့ သက်ရောက်မှူ့က ရက်၂ပတ်ကြာမှ သိသာစေလို့ ချက်ချင်းမသိသာလို့ဆို ပြောင်းသုံးတာ မလုပ်ပဲ ဆက်လက်အသုံးပြုပါ။
❤ ကိုယ်နဲ့ အဆင်ပြေတဲ့ skincare ရှိရင် ဆက်လက်အသုံးပြုပေးပါ။ အမျိုးမျိုးချိန်းပြီး သုံးနေသူက အသားအရေကြာရင် ထိခိုက်တာ ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်နဲ့ အဆင်ပြေတာရှိရင် တမျိုးတည်းကို သေချာဆက်သုံးပါ။
❤ အဖုံးဖွင့်တဲ့ရက်ကနေ expire တွက်ရလို့ ဖွင့်တဲ့ရက်ကို တိတ်လေးနဲ့ ကပ်မှတ်ထားပါ။ ဒါမှသာ ကိုယ်က မသုံးဖြစ်လို့ ခဏထားပြီး ပြန်သုံးတဲ့အခါ expire လွန်သလား သိနိုင်ပါတယ်။
❤ dis ချတဲ့ skincare ဆိုရင် ထုတ်လုပ်တဲ့ ခုနစ်က အရမ်းကြာနေရင် မဝယ်ဖို့ အကြံပြုချင်ပါတယ်။

အခြေခံ skincare step by step အတိုင်း ဂရုတစိုက် ပုံမှန်သုံးစွဲရင် ပြည့်စုံကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Skincare products များအကြောင်းကို နားလည်ပြီး အဆင်ပြေစွာ အသုံးပြုနိုင်ရန်အတွက် ယူမီမှ ကိုယ်သိသမျှကို အတိုချူပ်လေး ရေးသားလိုက်ပါတယ်။

Written by beauty blogger yumie

အလှအပရေးရာတွေ အမြဲမပျက်ဖတ်ချင်ရင် ပေ့စ်ကို see first လေးလုပ်ထားနိုင်သလို blog ကနေ ဝင်ရောက်ဖတ်နိုင်ပါတယ်။

Monday, October 1, 2018

Kleancolor cosmetic prism glow palette review & swatches

Hello 💞 ဒီနေ့တော့ ယူမီ သဘောကျနေတဲ့ Highlighter palette လေး တခုအကြောင်း sharing ချင်တယ် 👇

ခုနောက်ပိုင်း ပါးမို့လေးအထက်မှာ အပြောင်လေးတွေ တင်ပြီး Glow ကြတာ အရမ်းခေတ်စားသလို Highlighter ကလည်း မိတ်ကပ်အလှကို ပိုပေါ်လွင်စေပါတယ်။

ဘယ်နေရာတွေ သုံးနိုင်သလဲဆိုရင်တော့

ပါးမို့ကနေ နားထင်စပ်နား၊ နှာတံရိုး၊ မျက်ခုံးမွှေးဘေးထောင့်၊ နှူတ်ခမ်းအပေါ်နား စသဖြင့် သုံးပေးနိုင်ပါတယ်။

Shimmer လို့လည်း သုံးနှူန်းကြသလို ကာလာပြောင်တင်းပြီး ထွက်ပါတယ်။ နေရောင်လေး မျက်နှာကို ကျရင် ခုလို Highlighter ချယ်ထားရင် ပိုထင်ပေါ်နေတယ်။

မိတ်ကပ်ပြင်ရင် ဒါကြောင့် shimmering or highlighter လေး ပါလိုက်နော်။ တခုသတိထားရမှာက blending လေး ပြန်လုပ်ဖို့ မမေ့ပါနဲ့ 👈

ဆက်လက်ပြီးတော့ ယူမီ ကြွေနေတဲ့

KleancolorMyanmar 's Prism Glow Palette ရဲ့ swatches & review လေးပြောပြပါမယ်။

ဈေးနှူန်း

၈၀၀၀ကျပ်ပဲ ကျသင့်လို့ ဈေးနှူန်းချိုသာပြီး အရမ်းတန်တယ်။ USA made ဖြစ်သလို ခုခေတ်မှာ အတုတွေ ဝယ်မယ့်အစား ခုလို ဈေးသိပ်မများတဲ့ အမျိုးအစား လေးတွေ ရွေးစေချင်မိတယ်။

Packaging

အပြင် packaging ကတော့ အမြင်အရဆို အထင်ကြီးစရာမရှိပါဘူး အရမ်းရိုးတယ်လေ။ ယူယူ အစက ဒီ palette ကို သုံးလို့မကောင်းနိုင်ဘူးပဲ ထင်မြင်ခဲ့တာ။ ဒါပေ့မယ့် သုံးပြီးနောက် quality ကောင်းနေတာဖြစ်လို့ ယူယူ အမြင်တော့ packaging design က ခေါင်းထဲထည့်စရာမလိုဘူးပဲ ပြောချင်တယ်။

Quality

ယူယူ သုံးပြီးနောက် အစက packaging အရ သုံးလို့အဆင်ပြေမယ့် မမျှော်လင့်ပင်မယ့် သုံးပြီးနောက် သူ့ဈေးနှူန်းနဲ့ဆို quality အရမ်းကောင်းပါတယ်။ ဈေးပေါပေါ Highlight တွေက အပုံလိုက်နဲ့ Blending ရလည်း အဆင်မပြေစသဖြင့် ရှိတတ်တာ သူက သုံးရတာ အတော်အဆင်ပြေသလို quality လေး ကောင်းနေတယ်။ Quality ပိုင်းအရတော့ အတော် ကြိုက်တယ်။

Color

အရောင် ၄ရောင်ပါဝင်ပြီးတော့

အစွန်ဆုံး ခရမ်းဘက်က အဝါဆို ထင်ရပင်မယ့် အဖြူရောင်ဘက် ကာလာထွက်ပါတယ်။

ခရမ်း လေးကတော့ ခရမ်းနုကို Becca က Prismatic Shimmering နဲ့ ကာလာထွက် တထေရာတည်း တူပြီး dupe လို့တောင် ဆိုနိုင်တယ်။

အလယ်က အစိမ်းက mermaid စိမ်းနုဘက် ကာလာမျိုးလေး ထွက်တယ်။

အပြာက အပြာရောင်ဘက်သမ်းတော့ ခုနောက်ပိုင်း ခေတ်စားနေတဲ့ Glow color အရောင်လည်းဖြစ်ပါတယ်။ အရင်က ရွှေအိုရောင် စတဲ့ ကာလာပဲ သုံးကြပင်မယ့် ခုနောက်ပိုင်းအရောင်ဆန်းလေးတွေ သုံးလာကြတယ်။

အစွန်ဆုံးက ရွှေအိုရောင်ကိုမှ ပန်းရောင်ဘက် သမ်းပြီး ကာလာထွက်တယ်။ Becca ရဲ့ rose quartz Highlighter နဲ့ ကာလာထွက် တထေရာတည်းမို့ dupe လည်းဆိုနိုင်တယ်။

Becca က Highlighter မှာနာမည်ကြီးသလို ဈေးက မြန်မာငွေဆို ၇သောင်းကျော်နီးပါးရှိပါတယ်။ ဒီ palette က တော့ ၈ထောင်ကျော်ပဲရှိတော့ becca ဝယ်ရမှာ နှမျောသလို ခပ်ဆင်ဆင်လေး ရှာနေရင် ဒီ palette လေး မဆိုးပါဘူး။

Review လေးနဲ့ detail ပြောပြီးပြီဆိုတော့
ဆက်လက်ပြီး ပုံလေးတွေ ကြည့်လိုက်ပါနော် 😘






နောက်ဆုံးအနေနဲ့ ယူမီ ပြောချင်တာက
Fake cosmetic တွေရှောင်မယ်။ ဒီလို ဈေးသက်သာပြီး qualtiy အလန်းစား အလှကုန်လေးတွေ သုံးပါလို့ 😗

#yumie #beautytheorieswithyumie #umicornies #Kleancolor #highlight


All about skin types and how to care your skin

" အသားအ​ရေ အမျိူးအစားများ အ​ကြောင်း " မျက်နှာ အသားအ​ရေရဲ့ ဖြစ်တည်မှူ့က အ​ခြေခံအ​နေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစား​တွေလဲ...