Saturday, June 30, 2018
Yumie's choice (favorite moisturizer, cc cream, Foudation)
Yumie's choice (favorite moisturizer, cc cream, Foudation)
Josie Maran Argan daily moisturizer
Pros
- spf 47 ပါဝင်လို့ နေရောင်ကို သေချာကာကွယ်နိုင်တယ်။
- moisturizer ကိုမှ tone cream လိုမျိုး ကြည်ကြည်လေးနဲ့ ဝင်းသွားတာလေးကို ကြိုက်တယ်။ ယူမီ သဘောကျတာ မျက်နှာလေးပြောင်တင်းပြီးဝင်းသွားတာပါပဲ။
- အနံ့လေးက သင်းသင်းလေး နဲ့ နေရောင်ကာတချို့လို အနံ့မပြင်းဘူး
- last step ဖြစ်တဲ့ moisturizer ပြီးရင် နေလောင်ကာ ထပ်သုံးစရာမလိုတဲ့ အချက်ကို သဘောအကျဆုံးပဲ။
- အသားအရေ အစိုဓာတ်ကို ထိန်းပေးနိုင်သလို ပြောင်ပြောင်တင်းတင်း လေးဖြစ်စေတယ်။
-အသားအရေခြောက်သူဆို အရမ်းအဆင်ပြေသလိုTzone ပဲ အဆီပြန်တတ်သူဆို ကျန်တဲ့ ခြောက်တဲ့နေရာကို လိမ်းပေးပါ။
Cons
- သူက moisture ကို cream type ဖြစ်လို့ အဆီအရမ်းပြန်တတ်သူက ဘယ်လိုမှ အဆင်မပြေပါဘူး။
- အသားအရေ လတ်တလော အတော်ပျက်စီးထားသူဆို မသုံးရပါဘူး။ မတည့်တာဖြစ်တတ်သလို အဆင်မပြေနိုင်ပါဘူး။
- အဆီဖုဝက်ခြံဖြစ်နေသူတွေ အဆီအရမ်းပြန်ရင် အဆင်မပြေလို့ မဝယ်သင့်ပါ။
ဈေးနှူန်းက ၈၅၀၀၀ကျပ်ကျသင့်ပြီ များနေပင်မယ့် ယူမီအနေနဲ့ကတော့ ဒါကို ဝယ်ဖို့ အစက အတော် စဉ်းစားခဲ့ရပင်မယ့် ကိုယ်ကြိုက်တော့ တန်တယ်ထင်ပါတယ် 😊
USAmade ဖြစ်ပြီး 60ml ပါဝင်သလို ဒီ brand က နာမည်ကောင်းရှိတဲ့ စာရင်းထဲပါဝင်ပါတယ်။
Banila co 's cc cream
ကိုယ်အရင်ဆုံး ပြောချင်တာက သုံးစွဲတဲ့ အတွေ့အကြုံအရ နာမည်ကြီး It CC cream ရဲ့ dupe လို့ ဆိုနိုင်သလို အတော် တူတယ်။ ဈေးအရတော့ သူက ပိုသက်သာပါတယ်။
Pros
- cc cream ဆိုပင်မယ့် မိတ်ကပ်သားအရောင်ဘက်ဆိုတော့ အသားအရေလတ်တဲ့သူ၊ ဖြူသူ အတော်အဆင်ပြေတယ်။
- sensitive skin သုံးလို့ရသလို မတည့်တာ အဆင်မပြေတာ မရှိလို့ မိတ်ကပ်မလိမ်းပဲ သူတခုပဲ အပြင်သွားရုံ လိမ်းလည်းအဆင်ပြေတယ်။
- final look အရ သူက အဆီပြန်သူလည်း သုံးလို့ရသလို အသားအရေခြောက်သူလည်းအဆင်ပြေတယ်။ ဘာလို့လည်းဆိုလိမ်းလိုက်ချိန်မှာ အသားအရေနဲ့တထပ်တည်းဖြစ်နေပြီး အဆီမပြန်သလို စိုပြေနေတာကို သဘောကျဆုံးပါပဲ။
- spf30PA++ ဆိုတော့ နေရောင်ကာနိုင်လို့ နေရောင်ကြောင့်အသားအရေပျက်စီးမှူ့ ကို ကာကွယ်ပေးပြီးသားဖြစ်သလို sunblock ထပ်သုံးစရာမလိုပါဘူး။
- အနံ့လေးလည်း သင်းသင်းလေးဆိုတော့ အနံ့ပြင်းတာ မကြိုက်ရင် အဆင်ပြေတယ်။
- coverage က အရမ်းမရှိပင်မယ့် တခြား CC ထက် ပိုရှိသလို အမဲစက်ဝက်ခြံအနည်းငယ်ကို ဖုံးနိုင်ပါတယ်။
- skincare effect အနေနဲ့ အသားအရေကြည်လင်ဝင်းပစေတာကို သဘောကျတယ်။
Cons
- cc အရောင်က မိတ်ကပ်ရောင်ဘက်ဆိုပင်မယ့် အရမ်းအသားညိုသူကျ အဆင်မပြေပါဘူး။သူဆီက color က တရောင်ပဲထွက်ထားတာဖြစ်လို့ပါ။
ဈေးအရ ၃သောင်းကျော်ဝန်းကျင်ကျပြီး အတော်ကြာကြာသုံးရလို့ တန်တယ်။ အစက ITcc cream သုံးတာ ဒါလေး စမ်းကြည့်တာ ခပ်ဆင်ဆင်တူနေတော့ ITcc cream ကျ ၅သောင်းကျော်တော့ ဒါလေးပဲ ရွေးဖြစ်သလို ကိုယ့်အတွက်တော့ အတော် ကြိုက်တယ်။
Arty professional's serum foudation
Pros
- second skin serum foudation ဆိုသလို အသားအရေအတွက် skincare effect ပါတာကို ကြိုက်တယ်။
- serum foudation သုံးဖူးသမျှထဲ သူကို အကြိုက်ဆုံးဖြစ်သလို အသားအရေနဲ့ တထပ်တည်းဖြစ်သလို အတော်ပေါ့ပေါ့ပါးပါးလေးနဲ့ အဆင်ပြေတယ်။
- color အရောင်ထွက်ထားတာ များတော့ အသားအရေအရောင်အလိုက်ရွေးဖို့ အများကြီးရှိတာ သဘောကျတယ်။
- flawless finishဖြစ်သလို မိတ်ကပ်ထူထူ မလိမ်းချင်သူတွေ ကြိုက်လိမ့်မယ်။ daily use အတွက် အဆင်ပြေပါတယ်။
- sensitive အသားအရေ လည်း အဆင်ပြေသလို breakout လည်း မဖြစ်ပဲ all skin type သုံးနိုင်တာကို သဘောကျတယ်။
- water resistant ရေစိုဓာတ်ခံနိုင်တော့ ချွေးထွက်ရင် ကွက်တာ ပျက်တာမရှိတာ သတိထားမိတယ်။
Cons
- spf 15 ဆိုတော့ နေရောင်ကာပညဝင်မှူ့ နည်းပါတယ်။
- coverage ကတော့ lightweight လောက်ပဲ ပေးနိုင်လို့ coverage အရမ်းများတာမှ လိမ်းသူက မကြိုက်နိုင်ပါ။
အသက် ၃၀ကျော်လို့ အသားအရေဂရုစိုက်နေသူဆိုရင်တော့ မိတ်ကပ် ရည်ရွေးရင် serum foudation အမျိုးအစားတွေ ရွေးဖို့ အကြံပေးချင်ပါတယ်။
လက်ဆောင်ရတာ ကြိုက်တာနဲ့ ကုန်တော့ ထပ်ဝယ်တာ ယူမီဝယ်တာတော့ အာ့တုန်းမှတ်မိသလောက် ဈေးနှူန်းက ၅သောင်းကျော်ဝန်းကျင်ကျပင်မယ့် တဘူးဆို ၃လကျော်တော့ အနည်းဆုံးသုံးရတော့ quality ကြောင့် ဝယ်ရင်လည်း အဆင်ပြေပါတယ်။
သူကတော့ shopping mall အတော်များများမှာ counter ရှိတော့ ဝယ်ရတာတော့ လွယ်ကူတယ်။
ဒီ review လေး share ပေးတာကတော့ တိုက်ဆိုင်တဲ့ အချက်ရှိသလို ကိုယ်နဲ့ အဆင်ပြေနိုင်ရင် ရွေးချယ်နိုင်စေရန် ယူမီက မျှဝေလိုက်တာ ဖြစ်ပါတယ် 😘
#yumie #umicornies
Blog မှာလည်း ယူမီရေးတဲ့ အလှအပတွေ ဖတ်နိုင်ပါတယ်။
Blog link ✍
Thursday, June 14, 2018
How to use Beauty Sponge? & Hearty heart's magical egg review
Zawgyi code version 👇
ပုံထဲက ပုံစံ beauty sponge အမျိုးအစားက အပေါ်ဘက်မှာ ပြားထားတာ တွေ့ရသလို အောက်စွန်းကို ချွန်ထားတာက လိမ်းချယ်ရ လွယ်ကူ အဆင်ပြေစေရန် ပုံဖော်ထားတာဖြစ်ပါတယ်။
Magical Egg's review 🤔
Packaging 👈
Price 🤑
ဈေးနှူန်းက ၂၅၅၀ ကျပ်ဆိုတာ အရမ်းဈေးချိုသာတော့ တလကိုတခုသုံးပြီး ပစ်မယ်ဆိုရင်တောင် တန်တယ်။
Quality
ပျိုမေတိုင်း လှကြပါစေရှင် 😍
#yumie
Unicode Version 👇
" Hearty Heart  က Magical Egg ကို ဘယ်လို အသုံးပြုနိုင်လဲ ? "
ဒီနေ့ ယူမီက Beauty sponge လေးတခုရဲ့ အသုံးပြုနည်းနဲ့ အတူ review လေးကို ပြောပြပါမယ်။
ဘယ်လို အသုံးပြုနိုင်လဲ?
ပုံထဲက ပုံစံ beauty sponge အမျိူးအစားက အပေါ်ဘက်မှာ ပြားထားတာ တွေ့ရသလို အောက်စွန်းကို ချွန်ထားတာက လိမ်းချယ်ရ လွယ်ကူ အဆင်ပြေစေရန် ပုံဖော်ထားတာဖြစ်ပါတယ်။
အသုံးပြုဖို့အတွက် ဘယ်အစိတ်အပိုင်းကို ဘယ်လိုသုံးရမလဲ ဆိုရင်တော့
🎀 မျက်နှာပြင်ပြားနေတဲ့ sponge အပေါ် က မိတ်ကပ် ရည်လိမ်းတဲ့ အခါ မျက်နှာအနှံ့ကို ဖြန့်ပေးရင် ညီညာ ညက်ညောဖို့ အဆင်ပြေသလို powder လိမ်းရင်လည်း သုံးနိုင်ပါတယ်။ သူ့ရဲ့ အစိတ်အပိုင်းကို ပုံထဲကလို အပေါ်ယံ ပြားနေတာက အထက်က ပြောထားတဲ့ အတိုင်း လွယ်ကူစွာ လိမ်းချယ်နိုင်ရန်ဖြစ်ပါတယ်။
🎀 ဘေးဘက် လုံးဝန်းတဲ့ ကျယ်ပြန့်သောနေရာလေးတွေကို ယူမီတို့ မျက်နှာမှာ ပါးနီcream တို့ သုံးရင် ဖြန့်ပေး နိုင်သလို contouring လုပ်လို့ မေးရိုးနား အညိုသုံးတဲ့အခါ ဖြန့်ပေးရတာ လွယ်ကူစွာ အသုံးပြုနိုင်ရန်အနေအထားဖြစ်ပါတယ်။
🎀 အောက်စွန်းက ထောင့်ချွန်ချွန်လေးကတော့ မျက်လုံးထောင့်နား လေး ချယ်သတဲ့အခါ ဖြစ်စေ မျက်လုံးအောက်ခြေလေးကို blending လုပ်တာဖြစ်စေ လွယ်ကူစွာ အသုံးပြုနိုင်ရန်ဖြစ်ပါတယ်။
အရေးကြီးတဲ့အချက်က အသုံးမပြုခင်မှာ ရေစွတ်ပြီးတော့ ပွလာတဲ့အချိန်မှာ သုံးတာက ပိုပြီး အသုံးပြုလို့ကောင်းပါတယ်။ ဒါအပြင် sponge တင်တဲ့ စင်လေးနဲ့ တင်ထားရင် ခြောက်တာမြန်ပါတယ်။
Magical Egg's review 🤔
Packaging 👈
အထုပ်လေးက ချစ်ဖို့ကောင်းသလို hearty heart brand ရဲ့ image အတိုင်း cute ဖြစ်နေပါတယ်။
Price 🤑
ဈေးနှူန်းက ၂၅၅၀ ကျပ်ဆိုတာ အရမ်းဈေးချိူသာတော့ တလကိုတခုသုံးပြီး ပစ်မယ်ဆိုရင်တောင် တန်တယ်။
Real Technique က ယခုပုံထဲကအတိုင်း sponge ဆိုရင် sale ချရင်တောင် ၇၅၀၀ကျော်ဆိုတော့ ဝယ်သုံးရတာ ၃လလောက် စည်းကမ်းတကျ သေချာသုံးရသလို မှိူတက် ပျက်စီးရင် သိပ်နှမျောရတယ်။ ခုကျတော့ ဒါလေးက Dupe လို့ ပြောနိုင်သလို ဈေးအရ သုံးရတာတန်တယ်။
Quality
ရေမစွတ်ခင် အနေအထားကို ပြောရရင်တောင် အတော်အိပြီး ဒီတိုင်း သုံးကြည့်တာတောင် မဆိုးပါဘူး ✅
ရေစွတ်ပြီးချိန်မှာ အတော်ကို အိသလို ပွယောင်းထူထဲလာပြီး သုံးရတာလည်း အတော်အဆင်ပြေတယ်။
ရေဆေးကြည့်တဲ့ အချိန်မှာလည်း အဆင်ပြေသလို ယူမီ အမြင်အရ ဒါလေးကို ၂လကျော် အေးဆေးသုံးနိုင်ပါတယ်။
Warning about sponge - Sponge ရေစွတ်သုံးရတာလေးတွေကို အလွန်ဆုံး ၂လတခါတော့ ချိန်းပေးသင့်သလို မျက်နှာက အဖုဖြစ်တတ်သူ allergic ရှိသူဆို တပတ်တခါ ဆေးပြီး စနစ်တကျ အသုံးပြုပါ။
ပျိူမေတိုင်း လှကြပါစေရှင် 😍
#yumie
www.beautytheorieswithyumie.blogspot.com
All about skin types and how to care your skin
" အသားအ​ရေ အမျိူးအစားများ အ​ကြောင်း " မျက်နှာ အသားအ​ရေရဲ့ ဖြစ်တည်မှူ့က အ​ခြေခံအ​နေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစား​တွေလဲ...