Wednesday, March 28, 2018

မျက်နှာချေ makeup foundation အမျိုးအစားများအကြောင်း

မျက်နှာချေမိတ်ကပ် foundation နဲ့ပတ်သတ်ပြီး ပျိုမေတို့ သိသင့်သော အချက်များ

မိတ်ကပ် foundation ကို ဘယ်လိုရွေးဝယ်မလဲ?

အလှကုန် ကောင်တာမှာ မိတ်ကပ်ရည်ဝယ်ရင် 

မိတ်ကပ်အမျိုးအစား ဘာလဲဆိုတာ မေးသင့်သလို ဘယ်လိုအသားအရေအတွက် ထုတ်တာလဲ မေးမြန်းပါ။
မိမိအသားအရေနဲ့ ကိုက်ညီတဲ့ မိတ်ကပ်ကို ရွေးပါ။
မိတ်ကပ်အရောင်ကို စမ်းကြည့်ပါ။ ဘယ်လိုစမ်းမလဲဆိုရင် လည်ပင်းနဲ့ မေးရိုးအလယ်နားမှာ စမ်းပါ။
မိတ်ကပ်အရောင်တက်တာကို သိချင်ရင်တော့ စမ်းပြီးရင် shopping ပတ်ထွက်ပြီး မိနစ်၄၀ကျော်မှာ မိတ်ကပ်သားဘယ်လိုနေလဲဆိုတာကို အကဲခတ်နိုင်ပါတယ်။

မိတ်ကပ်အရောင် အခြေခံနာမည်တွေ အကြောင်း

Natural ဆိုရင် သာမန်အသားလတ်သူအတွက်ဖြစ်ပြီးတော့ natural beige ကတော့ အသားလတ်သူကိုမှ အနည်းငယ် အသားရောင်မှိန်သူအတွက် ခွဲထားတာဖြစ်ပါတယ်။
Light ဆိုရင်တော့ အသားအရေဖြူသူတွေ အတွက် ဖြစ်ပြီး natural light က အသားလတ်ပင်မယ့် ဖြူသလို ဖြစ်တဲ့ အသားဝင်းသူတွေ နဲ့ သင့်တော်တယ်။
Golden ဆိုရင် ရွှေအိုရောင် ဝင်းတဲ့ အသားအရေအတွက် ဖြစ်ပြီးတော့ golden beige က တော့ အနည်းငယ်မှိန်တဲ့ဘက်ဖြစ်ပါတယ်။
Fair ဆိုရင် လည်း အသားလတ်တဲ့သူအတွက်ဖြစ်ပါတယ်။
Brown ကတော့ ညိုတဲ့သူတွေအတွက် ထုတ်ထားတာဖြစ်ပါတယ်။
Dark ကတော့ အတော်အသားညိုတဲ့သူအတွက် ဖြစ်ပါတယ်။

အခြေခံ အနေနဲ့ မိတ်ကပ်အရောင်တွေကို အထက်ပါအတိုင်း ခွဲခြားရေးတတ်ပင်မယ့် ထုတ်တဲ့ ကုပ္မဏီအလိုက် ခုနောက်ပိုင်းက နာမည်အများကြီးရှလို့ အတိအကျပြောမရပါဘူး။ အထက်က နာမည်နဲ့ မခွဲထားလို့ မရွေးတတ်ရင် ကိုယ့်အသားအရေနဲ့ ပြထားတဲ့ ပုံထဲက အရောင်ကို တိုက်ပြီး ရွေးလို့လည်းရပါတယ်။

အကြံပြုချင်တာတခုက makeup ဝယ်ရင် ကိုယ့်အသားထက် အများကြီးဖြူနေတာကို မဝယ်ပဲ အသားအရေနဲ တထပ်တည်းကျတာကို ရွေးချယ်တာ ပိုပြီး လှနေစေပါတယ်။ တခုရှိတာက မိတ်ကပ်လိမ်းပြီးချက်ချင်း အသားအရေအရောင်မှိန်တတ်သူကတော့ ကိုယ့်အသားအရေထက် အနည်းငယ် ပိုဖြူလင်းစေမယ့် မိတ်ကပ်ကို ရွေးဝယ်ပါ။

မိတ်ကပ် Foundation မလိမ်းခင် ဘာလုပ်ရမလဲ?

မိတ်ကပ်မလိမ်းခင်အရင်ဦးဆုံးအနေနဲ့

မျက်နှာကို သေချာ ဆေးကြောသန့်စင်လိုက်ပါ။ ပြီးရင် ကိုယ်သုံးနေကျ Toner ကို လိမ်းပါ။
Moisturizer နဲ့ တခြားကိုယ်သုံးတတ်တဲ့ skincare တွေ အရင်လိမ်းပါ။
Spf နည်းတဲ့ မိတ်ကပ်လိမ်းသူအနေနဲ့ spf ပါဝင်နှူန်းများတဲ့ နေလောင်ကာ sun block လိမ်းပါ။
ပြီရင်တော့ makeup primer ကို အောက်ခံလိမ်းပါ။

အထက်ပါအချက်တွေ လုပ်ပြီးရင်တော့ မိတ်ကပ်ကို စတင်လိမ်းနိုင်ပါပြီ။ 

Makeup Foundation ကို ဘယ်လိုလိမ်းရမလဲ

အရင်ဆုံး မျက်နှာမှာ မိတ်ကပ်ပမာဏ အနည်းငယ်ကို beauty blender, brush, sponge စသဖြင့် မိတ်ကပ်ချယ်ရတာ အဆင်ပြေစေတဲ့ ကိရိယာလေးတွေကို အသုံးပြုပြီးတော့ ညီညာညက်ညောအောင် သေချာ ပြန့်နေအောင် ဖြန့်ပြီး လိမ်းပါ။

အများကြီးဖုံထူထူ ဖြစ်အောင် တခါတည်း မလိမ်းပဲ အနည်းငယ်စီကနေ လိုသလောက်ပမာဏကို ထပ်ဖြည့်လိမ်းပါ။

မိတ်ကပ်ကို အသားအရေအလိုက် ဘယ်လိုရွေးမလဲ?

ပျမ်းမျှ အနေနဲ့ အကြံဥာဏ်ပေးချင်တာကတော့

အသားအရေအဆီပြန်တတ်သူတွေက liquid type foundation ဆိုရင် oil base ကို ရှောင်ရှားပြီး matte foundation အမျိုးအစားကို ရွေးသင့်ပါတယ်။ cream type တွေဆိုရင်လည်း အဆီပြန်တတ်သူက အဆင်မပြေနိုင်ပါဘူး။ water base နဲ့ powder type foundation အမျိုးအစားတွေနဲ့ ပိုသင့်တော်ပါတယ်။
အသားအရေခြောက်သွေ့သူတွေဆိုရင်တော့ cream type, oli base makeup အရည် တွေက ပိုသင့်တော်ပါတယ်။ powder ဆိုရင်လည်း moisturise makeup foundation ကပိုအဆင်ပြေတယ်။
ဝက်ခြံအမြဲ ဖြစ်တတ်သူတွေအနေနဲ့က makeup အရည် ထက် powder အမျိုးအစားကို ရွေးချယ်တာက ထပ်ပြီး မိတ်ကပ်အဖုတွေ ဖြစ်စေဖို့ ကာကွယ်နိုင်ပြီး သင့်တော်ပါတယ်။
ပုံမှန် အသားအရေအဆီမပြန်တတ် မခြောက်သွေ့တတ်သူကတော့ ကိုယ်က အသားအရေစိုနေချင်ရင် အစိုဓာတ်များတာ ရွေးပေးပြီး ခြောက်တာကို သဘောကျရင်တော့ ခြောက်သွေ့တဲ့ဘက် ရွေးပါ။

အသက်အရွယ်၃၀အထက်ဆိုရင်တော့ serum foundation ကဲ့သို့ skincare effectပါဝင်တဲ့ မိတ်ကပ်ရည်အမျိုးအစားကို ရွေးသင့်ပါတယ်။

ဆက်လက်ပြီး အောက်က ပုံလေးတွေ မှာ မျက်နှာချေမိတ်ကပ်အမျိုးအစားတွေ အကြောင်း ကို ရေးပေးထားလို့ တပုံစီ ဖတ်ကြည့်ပြီး ကိုယ်ဘယ်လိုအမျိုးအစားကို ရွေးလို့ အဆင်ပြေမလဲ သိနိုင်ပါတယ်။

#yumie
www.BeautyTheoriesWithYumie.blogspot.com




All about skin types and how to care your skin

" အသားအ​ရေ အမျိူးအစားများ အ​ကြောင်း " မျက်နှာ အသားအ​ရေရဲ့ ဖြစ်တည်မှူ့က အ​ခြေခံအ​နေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစား​တွေလဲ...