မင်္ဂလာပါရှင်
Maybelline primer
- benefit က pore professional ရဲ့ dupe လို့ သတ်မှတ်ထားသလို မိတ်ကပ်သားကို flawless look ရစေသလို light weight primer အမျိုးအစားဖြစ်ပါတယ်။
- အသားအရေဘယ်အမျိုးအစားမဆိုသုံးလို့ရပင်မယ့် မိတ်ကပ်လိမ်းတဲ့သူကတော့ cleasing လေးကို ဂရုတစိုက်လုပ်ပေးဖို့ လိုပါတယ်။
- packaging က ကိုယ်အထဲက ပေါင်ဒါကိုမြင်ရတာ သဘောကျပင်မယ့် တချို့ မှန်က အထဲဘက်မှာထားတော့ မှန်ပါတာ မသိတာရှိပါတယ်။
#yumie
facebook @beautytheorieswithyumie
မင်္ဂလာပါရှင်
လွန်ခဲ့တဲ့ တပတ်က ယူမီ review ရေးမယ်ဆို ဝယ်ထားတဲ့ maybelline က Fit me လေးတွေ review နဲ့ အတူ မိတ်ကပ်ကို တနေကုန်ခံအောင် ဘယ်လိုလိမ်းရလဲဆိုတာကို ရှင်းပြချင်ပါတယ်။ စာက နည်းနည်းရှည်ပင်မယ့် အသေးစိတ်လေး သိရအောင် မျှဝေထားလို့ ဖတ်ပြီးရင် အကျိူးရှိနိုင်ပါတယ်။
မိတ်ကပ်ကိုကြာရှည်ခံအောင် အဆင့်ဆင့် ဘယ်လိုလိမ်းရမလဲ ?
ပထမအဆင့်က primer လိုအပ်ပါတယ်။ 👈
Primer ဆိုတာက မိတ်ကပ်လိမ်းရင် ကြာရှည်ခံသလို မိတ်ကပ်သားအရောင်တက်တယ်။ primer မှာလည်း အမျိူးအစား အများကြီးရှိကြပါတယ်။ ခု ယူမီ maybelline က primer လေးအကြောင်း review ပြောချင်ပါတယ်။ ကိုယ့်အသားအရေနဲ့ တိုက်ဆိုင်ရင် ဝယ်သုံးလို့အဆင်ပြေအောင်ပါ။
Maybelline primer
- လိမ်းရင် အသားအရေကို ချောမွေ့ပြီးတော့ ချွေးပေါက်ကျယ်တာကိုဖုံးနိုင်ပါတယ်။
- benefit က pore professional ရဲ့ dupe လို့ သတ်မှတ်ထားသလို မိတ်ကပ်သားကို flawless look ရစေသလို light weight primer အမျိူးအစားဖြစ်ပါတယ်။
- Translucent gel formula နဲ့ထုတ်ထားတာဖြစ်ပြီး အသားအရေတိုင်းသုံးလို့ရပါတယ်။
- ဈေးက cheap ဖြစ်ပြီးတော့ ကောင်တာမှာ အလွယ်တကူဝယ်လို့ရပါတယ်။
- အသားအရေဘယ်အမျိူးအစားမဆိုသုံးလို့ရပင်မယ့် မိတ်ကပ်လိမ်းတဲ့သူကတော့ cleasing လေးကို ဂရုတစိုက်လုပ်ပေးဖို့ လိုပါတယ်။
- ance-prone skin ကတော့ သုံးလို့ အဆင်မပြေပါဘူး။
Primer ကို ဘယ်လိုလိမ်းရင်ရလဲ?
Primer ကို မျက်နှာက အသားအရေကောင်းသူဆိုရင် နှာခေါင်းမှာ ချွေးပေါက်ကျယ်ပြီး မိတ်ကပ်ကွက်ရင် နှာခေါင်းပဲလိမ်းပြီးတော့ မျက်နှာကျ makeup base ခံလိမ်းပါ။ လက်နဲ့ အနည်းငယ်သာယူပြီး အသာလေး ဖြန့်လိမ်းရင်ရပါတယ်။
Primer လိမ်းပြီးရင်တော့ foundation makeup စတင်လိမ်းဖို့လိုအပ်ပါတယ်။
Foundation & BB cream ဘာလိုရွေးသင့်လဲ
အဆီပြန်လွန်းတာ သိုမဟုတ် ချွေးထွက်သူတွေက မိတ်ကပ် foundation ပဲလိမ်းတာကောင်းတယ်။ BB & cushion တွေကျ ခဏပဲ ခံသလို ချွေးထွက်သူဆို အများဆုံး ၃နာရီပဲ တချိူ့ မျက်နှာလိမ်းပြီး အရောင်ကျတတ်သူဆိုရင်လည်း အာ့လိုပဲ အဆင်မပြေနိုင်ဘူး။ foundation တခုတည်းလိမ်းရင်ရော ရလားဆို အဆင်မပြေနိုင်ပါဘူး အပေါ်ကနေ loose powder မသုံးရင်တောင် pressed powder သုံးသင့်ပါတယ်။ အာ့အကြောင်းမပြောခင် maybelline fit me foundation လေး review အရင်ပြောမယ်နော်။
Maybelline fit me foundation review
- packaging ကတော့ မကြိုက်ပါဘူး။ အာ့ပုလင်းထဲက ယူရတာကလေ အဆင်မပြေသလို ပမာဏများသွားတာရှိနိုင်တယ်။ ညစ်တံနဲ့ ယူရတာပိုအဆင်ပြေတယ်။
- coverage က အဆင်ပြေသလို မိတ်ကပ်သားက တဖြေးဖြေးတက်လာတယ်။
- အဆီပြန်လွန်းတဲ့ အသားအရေအတွက် အဆင်ပြေတယ်။
- pressed powder တခုတည်းဆို ၄နာရီထိ မိတ်ကပ်သားခံတယ်။ setting spray ထပ်ဖြန်းရင်တော့ ၆နာရီကျော် လုံးဝ ပျက်ယွင်းတာမရှိဘူး။
- မိတ်ကပ်သားက light weight ဖြစ်တော့ daily သုံးလို့မဆိုးဘူး အဆင်ပြေတယ်။
ဘယ်လိုလိမ်းရမလဲဆိုရင်တော့
မိတ်ကပ် လိမ်းရင် ဖော့ sponge သုံးပေးပါ။ အရင်ဆုံး မိတ်ကပ်ရည်ကို နည်းနည်းလေးယူပြီး အစက်လေးချပါ။ ပြီးမှ အသာလေး sponge ( no silicon sponge)နဲ့ တိုပေးပြီး လိုမှ မိတ်ကပ် ရည်ထပ်ထည့်ပါ။ လက်နဲ့ လိမ်းတာထက် ပိုညက်ပါတယ်။ တချိူ့ foundation ကို ကွက်နေတာ ပြာတာဖြစ်တာ လိမ်းတဲ့ အပေါ်လည်း မူတည်ပါတယ်။
Foundation ပြီးရင်တော့ pressed powder ကို အပေါ်ကနေ ထပ်သုံးပါ။
Pressed powder သုံးရင် loose powder မလိုပါဘူး။ မိတ်ကပ် foundation လိမ်းရင်လည်း foundation powderကို ထပ်မသုံးရပါဘူး။ 👈
Maybelline Pressed powder review
- powder သားက ညက်သလို အရမ်းများများလိမ်းစရာမလိုပါဘူး။
- packaging က ကိုယ်အထဲက ပေါင်ဒါကိုမြင်ရတာ သဘောကျပင်မယ့် တချိူ့ မှန်က အထဲဘက်မှာထားတော့ မှန်ပါတာ မသိတာရှိပါတယ်။
- မိတ်ကပ်ရည်ကို ပံ့ပိုးနိုင်ပြီး မိတ်ကပ်သားတော့ ကြာကြာခံစေတယ်။ သူ့ foundation နဲ့ တွဲသုံးရင်ပိုကောင်းတယ်။
ဘယ်လိုသုံးရမလဲဆိုရင်တော့
မိတ်ကပ် brush နဲ့ သုံးတာလေး လုပ်ကြည့်ဖို့ အကြံပေးချင်တယ်။ တို့ဖက်ထက်စာရင် brush နဲ့က မိတ်ကပ် powder လိမ်းရင် ပိုကောင်းတယ်။ powder brush နဲ့ မသုံးရင် lucky နာမည်နဲ့ တို့ဖက်ရှိတယ်လေ ပန်းရောင်လေ အာ့တာလေးလည်း ကောင်းတယ်။ နောက်တချက်ကတော့ ချွေးအရမ်းထွက်ရင် ပြန်တို့ရင် အသာလေး နည်းနည်းစီယူတို့ပါ ဘာလို့ဆိုရင် တချိူ့ကွက်တာပြုတာ ထူပိန်းတာဖြစ်တတ်တယ်။
ဒီနေ့တော့ ယူမီ အားလုံးမျှော်နေတဲ့ fit maybelline ရဲ့ review အပြင် အောက်ခံမိတ်ကပ်ကို အဆီပြန်ပြီး ချွေးထွက်တတ်သူဆို ဘယ်လိုသုံးရင် ကြာရှည်ခံလည်းဆိုတာကိုလည်း ရှင်းပြပေးလိုက်ပါတယ်။
#yumie
Facebook @beautytheorieswithyumie
Subscribe to:
Posts (Atom)
All about skin types and how to care your skin
" အသားအရေ အမျိူးအစားများ အကြောင်း " မျက်နှာ အသားအရေရဲ့ ဖြစ်တည်မှူ့က အခြေခံအနေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစားတွေလဲ...
-
မှန်ကန်သော Bra Size ရွေးချယ်ဝယ်ယူနည်း ပျိုမေတို့ရေ နေ့စဉ်ဝတ်နေတဲ့ အတွင်းခံ အကျီင်္လေး ဆိုဒ်မမှန်ရင် ရင်သားက ပုံပျက်လာတာ မလှတာဖြစ်တတ်ပါတယ်။...
-
" အသားအရေ အမျိူးအစားများ အကြောင်း " မျက်နှာ အသားအရေရဲ့ ဖြစ်တည်မှူ့က အခြေခံအနေနဲ့ ၄မျိူး ရှိပါတယ်။ ဘယ်လို အမျိူးအစားတွေလဲ...